နိုဝင်ဘာ-၁၇၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့မှာ မြို့ပြစစ်ဆင်ရေးလုပ်ဆောင်နေတဲ့ Yangon UG People Army(YUPA) အဖွဲ့ဝင် ရဲဘော်နှစ်ဦး အဖမ်းခံခဲ့ရပေမယ့် တခြားအဖွဲ့ဝင်တွေတော့ ဘေးလွတ်ရာကို ပြောင်းရွှေ့နိုင်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
” ပစ္စည်းယူပြီး အပြန်လမ်းတစ်ဝက်လောက်မှာ ဆွဲခံရတယ်လို့ပဲပြောရမှာပဲ။ ရန်ကုန်မြို့ထဲတနေရာမှာပေါ့။ ဆွဲခံရတဲ့ ရဲဘော်နှစ်ယောက်ပိုပြီး နှိပ်စက်ခံရမှာစိုးလို့ မြို့နယ်ထည့် မပြောတော့ပါဘူး။ မြေပြင်Scout သတင်းတွေအရတော့ ခွေးတွေထုရိုက်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေက ရဲဘော် Kစည်နဲ့ မိုးလေးတို့ဖြစ်ပြီး သူတို့နဲ့ဆက်သွယ်ဖူးသူတွေအနေနဲ့ အဆက်အသွယ်လုံးဝမလုပ်ဖို့ YUPAက နိုဝင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
အဖွဲ့ကကျန်တဲ့ရဲဘော်တွေကိုတော့ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
“ထောက်ပံ့မှုပိုင်းနဲ့ပြောချင်တာကတော့ မြို့ပြUGတွေကိုလည်း ပစ်မထားကြဖို့ပြောပါရစေ”လို့ ပြောပါတယ်။
လက်ရှိမှာ ပြောင်းရွှေ့စရိတ်အတွက် ကုန်ကျမှုတွေရှိနေတာကြောင့် ကူညီလိုသူတွေအနေနဲ့ YUPAရဲ့ မက်ဆန်ဂျာကနေ ထောက်ပို့နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


















































