နိုဝင်ဘာ-၁၉၊ ၂၀၂၅။မိုမို/People’s Spring
ချင်းပြည်နယ်၊တီးတိန်မြို့နယ်တိုက်ပွဲမှာဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀)က ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာပြင်းထန်ပြီးဆေးရုံတက်နေရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းဟာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ကို အခု နိုဝင်ဘာပထမပတ်ကစ ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၁၀ရက်တိုက်ပွဲအတွင်းမှာ ဗိုလ်မှူးလှမျိုးထွဋ် ကျည်ထိတာလို့ ဆိုပါတယ်။
“သူ့ကို တပ်ထဲမှာ ဘမောင်လို့လည်း ခေါ်ကြတယ်။တီးတိန်ကိုတက်သွားပြီး ၁၀ ရက်နေ့တိုက်ပွဲမှာ ပေါင်နဲ့ ဝမ်းဗိုက်ကို ကျည်ထိတာ”လို့ ဂန့်ဂေါအခြေစိုက် စစ်ရင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဗိုလ်မှူး လှမျိုးထွဋ်ဟာ ရခိုင်ပြည်နယ် အမှတ်(၅)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) မကျမီ မကွေးမြို့ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အဲဒီကတဆင့် ဂန့်ဂေါမြို့ ခလရ(၅)တပ်ရင်းကို ရွှေ့ပြောင်းလာတာလို့ သိရပါတယ်။
“လက်ရှိ တီးတိန်ဆေးရုံပေါ်မှာ။ သူနဲ့အတူ တပ်သားသုံးယောက်ပါ ထိတာ။စိုးရိမ်ရတယ်”လို့ ယောအလင်းတန်းက ကိုမင်းဒဿက ပြောပါတယ်။
အခုနိုဝင်ဘာလဆန်းပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
“၆ ရက်နေ့ကနေစပြီးတိုက်ပွဲပြင်းထန်နေတုန်းပါပဲ ခုထိတော့။လေကြောင်းကနေ ဗုံးကြဲတာတွေကလည်း မရပ်ဘူး”လို့ CDF KKG တာဝန်ရှိသူက ကလေးနဲ့ ဂန့်ဂေါ မြို့နယ်စစ်ရေးအခြေအနေကို ပြောပါတယ်။
ထိုးစစ်ဆင်လာတဲ့စစ်တပ်ကို ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ထားပါတယ်။


















































