Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျပြီး စကျင်ရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ စကျင်ကျေးရွာဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် လက်နက်ကြီးပစ်လို့ ပျက်စီးနေတဲ့ ဘုန်းကြီးကျောင်းဆောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

နိုဝင်ဘာ-၂၀၊၂၀၂၅၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ စကျင်ကျေးရွာဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ စကျင်ကျေးရွာကို နိုဝင်ဘာ၁၈ ရက်က ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲပြီး စကျင်ကျေးရွာ ဒက္ခိဏာအာရုံဘုန်းကြီးကျောင်းဆောင်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စစ်တပ်က ရေနံ့သာကျေးရွာအထိ တပ်စွဲထားပြီး စကျင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

“စကျင်ရွာက တ‌ယောက် တဝက်ရတဲ့ အခြေ အနေပေါ့။ ဒီနေ့က တော့ တိုက်ပွဲဖြစ် နေတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

မတ္တရာမြို့နယ်မှာ မြောက်ဘက်ခြမ်းမှာ စစ်တပ်က အင်အား၃၀၀၀ ကျော် တပ်ပို့ထားပြီး စစ်ကြောင်း တွေ ဆက်တိုက်ထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook