နိုဝင်ဘာ-၂၀၊၂၀၂၅၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ စကျင်ကျေးရွာဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ စကျင်ကျေးရွာကို နိုဝင်ဘာ၁၈ ရက်က ရေနံ့သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲပြီး စကျင်ကျေးရွာ ဒက္ခိဏာအာရုံဘုန်းကြီးကျောင်းဆောင်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ စစ်တပ်က ရေနံ့သာကျေးရွာအထိ တပ်စွဲထားပြီး စကျင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။
“ စကျင်ရွာက တယောက် တဝက်ရတဲ့ အခြေ အနေပေါ့။ ဒီနေ့က တော့ တိုက်ပွဲဖြစ် နေတယ်” လို့ ဒေသခံတဦး ကပြောပါတယ်။
မတ္တရာမြို့နယ်မှာ မြောက်ဘက်ခြမ်းမှာ စစ်တပ်က အင်အား၃၀၀၀ ကျော် တပ်ပို့ထားပြီး စစ်ကြောင်း တွေ ဆက်တိုက်ထိုးနေတယ်လို့ သိရပါတယ်။
















































