Connect with us

Hi, what are you looking for?

သတင်း

ခမရ(၁၀၇)တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် လေးဦး လက်နက်တွေနဲ့ အလင်းဝင်လာ

စစ်ကောင်စီရဲ့တပ်မ(၇၇)လက်အောက်ခံအမှတ်(၁၀၇)ခြေမြန်တပ်ရင်း(ခမရ-၁၀၇)က စစ်မှုထမ်းတပ်သားသစ် လေးဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)ဆီအလင်းဝင်လာတဲ့စစ်သားတွေကို တွေ့ရစဉ်။ဓာတ်ပုံ - Yenanthar Column

နိုဝင်ဘာ-၂၀၊၂၀၂၅။မိုမို/People’s Spring

စစ်ကောင်စီရဲ့တပ်မ(၇၇)လက်အောက်ခံအမှတ်(၁၀၇)ခြေမြန်တပ်ရင်း(ခမရ-၁၀၇)က စစ်မှုထမ်းတပ်သားသစ် လေးဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

​စစ်ကိုင်းတိုင်းအတွင်းစစ်ကြောင်းဝင်နေတဲ့ ခမရ(၁၀၇)တပ်ရင်းကနေ အခု နိုဝင်ဘာ ၁၁ ရက်က သွားရောက် ခေါ်ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။

“ပေါ်တာဆွဲခံရပြီး ရှေ့တန်းပါလာတဲ့ စစ်မှုထမ်းတပ်သားတွေပါ။နှစ်ယောက်က အလုပ်သွားရင်း ဆွဲခံရပြီး။နောက်နှစ်ယောက်က အိမ်ပေါ်အထိ တက်ပြီး ပေါ်တာဆွဲခံရတဲ့သူတွေ”လို့ အထက်ပါတာဝန်ရှိသူက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

တပ်သားသစ် လေးဦးက ​သေနတ်နှစ်လက် (MA-1 ၊MA-3)နဲ့ ကျည်တွေ ယူဆောင်လာခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီစစ်မှုထမ်းတပ်သားတွေက Yenanthar Columnနဲ့အတူစစ်ကောင်စီတပ်ကိုပြန်တိုက်မယ်လို့လည်းထွက်ဆိုထားတယ်လို့သိရပါတယ်။

အခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာနောက်ဆုံးပတ်အထိ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ပူးပေါင်းတာ၊ လက်နက်ချ စစ်သုံ့ပန်းအရေအတွက် ၂,၂၄၆ ဦးရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီမှာ စစ်တပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အပတ်စဥ်တစ်ခုမှာ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြား အမျိုးသားလူငယ် ငါးထောင်ကို စုဆောင်းခဲ့ပါတယ်။အခုဆိုရင် အပတ်စဥ်(၁၉)ကိုအထိရောက်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။