နိုဝင်ဘာ-၂၁၊၂၀၂၅။ဆဏ်း/People’s Spring
နိုဝင်ဘာ ၂၂ ရက်မှာ ပြုလုပ်မယ့် The Distant Cafe ရဲ့ဖျော်ဖြေပွဲမှာ မြေပြင်က ရဲဘော်တွေနဲ့ အတူ ဖျော်ဖြေတင်ဆက်ပေးမယ့် အစီအစဉ်တွေလုပ်ဆောင်ဖို့ရှိတယ်လို့အဆိုတော် လင်းထက်ကပြောပါတယ်။
“အဓိကက အဲဒီပွဲကိုစီစဉ်ကတည်းက မြေပြင်ကရဲဘော်တွေနဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေနဲ့ အားလုံး သုံးဦးသုံးဖလှယ်ဆုံချင်တယ်။ ဒီပွဲလေး အားဖြင့် ဒီပွဲက အကျိုးအမြတ်တွေကို မျှော်တယ်ဆိုတာထက် မြေပြင်ကိုပေးမယ့်အကျိုးအမြတ်တွေကို မျှော်တယ်ဆိုတာထက် သူတို့ရဲဘော်တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာခွန်အားပေးချင်တဲ့ပွဲမျိုးဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့ အဓိကထားပြီးလုပ်တယ်။ မြေပြင်ကရဲဘော်တွေကလည်း ဒီပွဲမှာတစ်ချို့တက်ရောက်ပြီး တော့ သီချင်းတွေ သူတို့ကိုယ်တိုင် ကျွန်တော်တို့နဲ့အတူတူဆိုမယ်။ကျွန်တော်တို့လည်း တစ်ခါတည်း Live ဖျော်ဖြေမယ်။ ပရိသတ် နဲ့ပေါ့။ တစ်ဆက်တည်းမှာ ခွန်အားမျှကြမယ်ပေါ့။ တစ်ဖက်နဲ့တစ်ဖက်” လို့ ပြောပါတယ်။
The Distant Cafe ရဲ့ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက်မှာ Milwaukee မြို့မှာပြုလုပ်မှာဖြစ်ပြီး ရန်ရန်ချန်း၊ Cobra၊ လင်းနစ်၊ M သီဟ၊ လင်းထက်၊ Mark Jason နဲ့ ဒီဂျေ Wine တို့က ဖျော်ဖြေမှာဖြစ်ပါတယ်။

Public Service Announcement
“ကျွန်တော်တို့ အနုပညာရှင်တွေရပ်မသွားဘူးဆက်သွားနေတယ်။ ကျွန်တော်တို့တော်လှန်ရေးမှာဆက်သွားနေတာကိုဖော်ပြချင်တာဖြစ်တယ်။ ရဲဘော်တွေနဲ့ အတူတကွရှိတယ်။ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ရန်အတွက် အမြဲတမ်းကြိုးစားနေတယ်ဆိုတဲ့အကြောင်းကို သူတို့ကို အဲဒီ့မှာဖော်ပြလိုတယ်။ နောက်ပွဲတွေဆက်သွားမယ်။ ရဲဘော်တွေကို မြေပြင်ကိုထောက်ပံ့နိုင်ရန်အတွက် ဖြစ်ဖို့အတွက်ကို ကျွန်တော်တို့ ရုန်းပြီး ဆက်သွားမယ်ဆိုတာကို ဒီပွဲလေးအားဖြင့် ဖော်ပြချင်တာဖြစ်တယ်။” လို့ လင်းထက်ကပြောပါတယ်။
The Distant Cafe ကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင်တွေစုပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ပြည်တွင်းက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ကာ ရန်ပုံငွေပွဲတွေကို ကျင်းပနေတာပါ။


















































