Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီး၊ မြေပြိုမှုတွေကြောင့် အရှေ့တောင်အာရှ ၃ နိုင်ငံမှာ သေဆုံးသူ ၃၀၀ ကျော်ထိရှိလာ

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၀၀ ကျော်ထိ ရှိလာကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၀၀ ကျော်ထိ ရှိလာကြောင်း သိရပါတယ်။

အဆက်မပြတ် သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေ၊ မုန်တိုင်းဆန်တဲ့ ရာသီဥတု ကြုံတွေ့ရတာတွေရဲ့ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ လူရာနဲ့ချီ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

မုတ်သုံမိုး သည်းသည်းမည်းမည်း ရွာသွန်းလေ့ရှိတဲ့ ရာသီနဲ့ တိုက်ဆိုင်ပြီး မုန်တိုင်းရပ်ဝန်း တစ်ခုကလည်း ဖွဲ့စည်းဖြစ်ပေါ်နေတာကြောင့် အဲဒီ ၃ နိုင်ငံမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ကြုံလာရတာ ဖြစ်ပါတယ်။

မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က ရေကြီးတဲ့ နေရာအများအပြားမှာ ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေပေါ်တက်ပြီး ရေဘေးရှောင်ရတဲ့ထိ အခြေအနေဆိုးတွေ ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားမှာတော့ အာဏာပိုင်တွေဟာ ဆူမားတြား ကျွန်းပေါ်က အဆိုးဆုံး ရေဘေးသင့်တဲ့ ဧရိယာတွေဆီ ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရဆဲလို့ ပြောပါတယ်။ ဆူမားတြားမှာ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းထိ အခြေအနေအရ ရေဘေးကြောင့် လူ ၁၇၄ ဦးထက်မနည်း သေဆုံးပြီး ၈၀ ဝန်းကျင် ပျောက်ဆုံးနေပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာ နောက်ထပ် ဆိုးဆိုးရွားရွား ရေဘေးသင့်နေခဲ့တဲ့ နေရာတစ်ခုကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းက ဟတ်ယိုင်မှာ ဖြစ်ပါတယ်။ ဟတ်ယိုင် အပါအဝင် ထိုင်းတောင်ပိုင်း ဒေသတချို့မှာ ရေဘေးကြောင့် လူ ၁၄၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ကယ်ဆယ်ရေးတွေဟာ လှေတွေကို အသုံးပြုပြီး ရေဘေးသင့် မြို့ရွာတွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မလေးရှားမှာတော့ ရေကြီးမှုတွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး နိုင်ငံမြောက်ပိုင်းက ပါလစ်ပြည်နယ်ရဲ့ ဒေသအများအပြား ရေမြုပ်ခဲ့တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ ဒေသရဲ့ မုတ်သုံရာသီဟာ ပုံမှန်ဆိုရင် ဇွန်လကနေ စက်တင်ဘာလထိ ကျရောက်လေ့ရှိပြီး မိုးသည်းထန်တာ၊ မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ မုတ်သုံရာသီဟာ မုန်တိုင်းတွေ ဖြစ်ပေါ်မှုနဲ့ ဆက်စပ်ပြီး သာမန်ထက် ပိုမို ရှည်ကြာနေပါတယ်။ ပညာရှင်တွေကတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေက မုန်တိုင်းတွေ ပေါ်ပေါက်လာမှု ဖြစ်ရိုးဖြစ်စဉ်တွေကနေ အံချော်လာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းဟာ အစိုဓာတ်ကို ပိုမို ကြာရှည် ထိန်းသိမ်းထားသလို ဖြစ်လာပြီး ပိုမိုသည်းထန်တဲ့ မိုးရွာသွန်းမှုတွေ ဖြစ်စေသလို ပိုပူနွေးလာတဲ့ သမုဒ္ဒရာ ရေပြင်ကလည်း မုန်တိုင်းစုဖွဲ့မှုတွေကို ပိုအားကောင်းလာအောင် ပံ့ပိုးပေးကြောင်း ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ရှင်းပြထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Facebook