Connect with us

Hi, what are you looking for?

News

ကနီ PDFက သစ်မှောင်ခိုကားလေးစီးကို ဖမ်းဆီး

ဖမ်းဆီးရမိသည့် သစ်ကားလေးစီးတွင် သစ်တန်ချိန် ၃၀ ကျော်ရှိကာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-သစ်တန်ချိန် ၃၀ ကျော်ဖြင့် ကာလတန်းဖိုး ကျပ်သိန်း ၂၀၀ခန့်ရှိ

သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုကို ကာကွယ်ရန်ရည်ရွယ်ပြီး သစ်မောင်ခိုကားလေးစီးကို ဖမ်းဆီးအရေး ယူလိုက်ကြောင်း ကနီပြည်သူ့ကာကွယ်​ရေးတပ် (KPDF)ယနေ့(ဒီဇင်ဘာ ၁)သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် သစ်ကားလေးစီးတွင် သစ်တန်ချိန် ၃၀ ကျော်ရှိကာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော အရာနှင့် ပပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာက ကျွန်တော်တို့ PDF တွေရဲ့တာဝန်ပါ။ မြန်မာပြည်ရဲ့ သယံဇာတတွေကလည်း ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေပါ”ဟု KPDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် နောက်တွင် ယခုလိုသစ်ခိုးထုတ်ခြင်းမျိုး ထပ်မံမပြုလုပ်ရန် ပထမဆုံးနှင့် နောက်ဆုံးအနေဖြင့် သတိပေးဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။