Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆန္ဒပြသူတွေ ဖမ်းမိရင် အကုန်သတ်မယ်လို့ စစ်တပ် ခြိမ်းခြောက်ဆဲဆို

မန္တလေးဈေးချိုမှာ ဒီနေ့ မနက် အစောပိုင်းက စစ်တပ်နဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းမိရင် အကုန်သတ်မယ်လို့ ခြိမ်းခြောက်ဆဲဆိုနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်စဉ်

ဒီဇင်ဘာ-၃၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးဈေးချိုမှာ ဒီနေ့ မနက် အစောပိုင်းက စစ်တပ်နဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းမိရင် အကုန်သတ်မယ်လို့ ခြိမ်းခြောက်ဆဲဆိုနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက် ဒီနေ့မနက် ၅နာရီ မန္တလေး ဈေးချို မနက်ဈေးထဲမှာ စစ်ကောင်စီဆန့်ကျင် ရေးနဲ့ အတုယောင် ရွေးကောက်ပွဲဆန့်ကျင် ကြောင်းဆန့်ကျင်ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြပွဲပြီးတဲ့နောက် စစ်အုပ်စုက အရပ်ဝတ်၊ ယူနီဖောင်း ပုံစံမျိုးစုံနဲ့ရောက်လာပြီး ဆဲဆိုနေတာလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မိလို့က တော့ မအဘတွေ အကုန်သတ်ပစ်မယ်။ ဘယ်သူမြင်လိုက်လဲနဲ့ပတ်ဆဲနေတာ။ စကစဆီကို ဓာတ်ပုံရိုက်ပို့တဲ့ ဒလန်တွေလည်းရှိတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီနောက် စစ်တပ်က မြို့အဝင်အထွက်အပါအဝင် နေရာအတော်များများကို ပိတ်ဆို့ စစ် ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေ စောင့်ကြပ်နေတဲ့ ကြားကပဲ မန္တလေးမြို့မှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတာပါ။

ဆက်စပ်သတင်းများ