Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် လေကြောင်းတိုက်ခံရမှု ပြည်သူ ၃ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် သစ်ချိုပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ်အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ-၅၊ ၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် သစ်ချိုပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ်အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၁နာရီ ၁၉မိနစ်အချိန်မှာ ရွှေဘိုမြို့ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၃၅နှစ်အရွယ် ကိုမြင့်သူဝင်းနဲ့ ဇနီးဖြစ်သူ မမေလွမ်း၊ ဘေးအိမ်က အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်းတို့ ၃ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

“အကြောင်းမဲ့ သက်သက်လာပစ်သွားတာ။ တိုက်ပွဲလည်း မရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါင်၂၅၀ဗုံးကြဲခဲ့ဝာာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာ ၁ရက်က ဝက်လက်မြို့နယ်အရှေ့ခြမ်းလေကြောင်းတိုက်ခိုက်ခံမှုကြောင့် ပြည်သူ ၅ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ