Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြပြီးတဲ့ နောက် မန္တလေးဈေး​အားလုံးမှာစစ်တပ်လုံခြုံရေးချ

မန္တလေး ဈေးချိုမှာ သပိတ် ခေါင်း ဆောင်သုံးဦး ဦး​ဆောငိဆန္ဒပြပြီး နောက် စစ်တပ်က မြို့ထဲက ဈေးအားလုံးကို လုံခြုံရေးချ​ထားသလို မန္တလေးမြို့အဝင်အထွက်ကို တင်းကြပ်ထားတယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

■​ ကွန်ကရစ်​ဖျော်တဲ့ယာဥ်​တွေကို မြို့တွင်းအဝင်အထွက်ထားမြစ်ထား

ဒီဇင်ဘာ၅၊၂၀၂၅၊မေ/ People’s Spring

မန္တလေး ဈေးချိုမှာ သပိတ်ခေါင်း ဆောင်သုံးဦး ဦး​ဆောငိဆန္ဒပြပြီး နောက်စစ်တပ်က မြို့ထဲက ဈေးအားလုံးကို လုံခြုံရေးချ​ထားသလို မန္တလေးမြို့အဝင်အထွက်ကို တင်းကြပ်ထားတယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မနက်ပိုင်းက တမြို့လုံး လုံခြုံရေးချထားတဲ့အထဲက မန္တလေးသပိတ် ခေါင်း ဆောင် ဒေါက်တာ တေဇာဆန်း၊ရန်ကုန်သပိတ်ခေါင်း ဆောင် ကိုနန်းလင်း၊စစ်ကိုင်းသပိတ် ခေါင်း ဆောင် ကိုခန့် ဝေဖြိုးတို့ ဦးဆောင် ပြီး စစ်အာ‌‌ဏာရှင်ဆန့်ကျင် ရေးဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဈေး တွေကို အရပ်ဝတ်နဲ့လုံခြုံ ရေးချခဲ့ရာကနေ သပိတ်​ခေါင်း​ဆောင်နဲ့ အဖွဲ့​တွေက ဆန္ဒပြရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပြီးတဲ့ နောက် ဒီ နေ့မနက်ပိုင်းမှာ မန္တလေးမြို့က ဈေးအားလုံးမှာ ယူနီဖောင်းဝတ် စစ်သားနဲ့ ရဲ တွေ စောင့်ကြပ် နေတာလို့ မျက်မြင် တွေ့သူတွေ ကပြောပါတယ်။

“၇၄လမ်းက တရုတ်တန်းဈေးမှာ ထူးထူးဆန်းဆန်း စစ်သားတွေ စောင့်နေတယ်။အောင်ပင်လယ် ဈေးမှာလည်း တွေ့တယ်။ဈေးချိုမှာလည်း တွေ့ခဲ့တယ်”လို့ ဒီဇင်ဘာ ၅ ရက်မနက် မြင်ကွင်းကိုမြို့ခံတဦး ကပြောပါတယ်။

ဆန္ဒပြပွဲပြီးတဲ့ နောက် စစ်အုပ်စုဘက်က သပိတ် ခေါင်း ဆောင် တွေပါတာကို မသိတာမို့ အမျိုးသမီးဦးစား ပေး ရှာ ဖွေခိုင်းခဲ့ပြီး အဲဒီကတည်းကမြို့အဝင်အထွက်တွေ ပိတ်ကာ ရှာ ဖွေခဲ့တာလို့ သတင်းအရင်းမြစ်တချို့က ပြောပါတယ်။

ဆန္ဒပြရုပ်သံဖိုင်တက်ပြီးတဲ့ နောက်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအမိန့်နဲ့ လုံခြုံရေးတွေထပ်ချကာ တင်းတင်းကြပ်ကြပ်ရှာဖွေ နေတာလို့ သိရပါတယ်။

သပိတ်မှာပါဝင်ခဲ့သူ တွေကတော့ ဘေးလွတ်ရာ ရောက်ပြီလို့ ​ဒေါက်တာ​တေဇာဆန်းက People’s Spring ကို​ပြောပါတယ်။

ဆန္ဒပြခဲ့တဲ့ မန္တလေး ဈေးချို ကအသီးအနှံ ရောင်းချတဲ့ ဆိုင်ခန်း၅၀ ကိုလည်း စစ်အုပ်စုကဖျက်စီးခဲ့ပြီး ထပ်ဖွင့်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ဟာ ပြင်ဦးလွင်က စစ်အင်ဂျင်နီ ယာတက္ကသိုလ်(DSTA) ဆင်းပွဲနဲ့ မန္တ​လေး မြို့​​ကိုလာတဲ့အတွက်လုံခြုံ​ရေးမြှင့်ထားချိန် အခုလိုဆန္ဒပြခဲ့တာ​ကြောင့် စစ်အုပ်စု ​ဒေါသူပုန်ထခဲ့ပါတယ်။ မင်း​အောင်လှိုင်က မန္တ​လေးမြို့ကို ဗဟိုဘဏ် ဘဏ်ခွဲဖွင့်ပွဲရှိတာကို အ​ကြောင်းပြ​ပေမယ့် တကယ်က နန်းတွင်းထဲမှာ ယတြာလာ​ချေတာလို့ စစ်တပ်သတင်း​ပေးအချို့က​ပြောပါတယ်။

ဒါအပြင် စစ်အုပ်စုက အာဏာသိမ်း​ခေါင်း​ဆောင်လာချိန် လုံခြုံ​ရေးအ​ကြောင်းပြချက် နဲ့ ဒီဇင်ဘာ ၄ ရင်​နေ့က​နေ ၇ ရက်အထိ မန္တလေးမြို့ထဲကို ကွန်ကရစ်လောင်းတဲ့ယာဥ် (ဆောက် လုပ်ရေးလုပ်ငန်းသုံးအုံးမွှေးလုံးကားကြီး)တွေ ဝင်ထွက်သွားလာတာမလုပ်ဖို့ တားမြစ်ထားတယ်လို့ ​ဆောက်လုပ်​​ရေး​လောက က စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ