Connect with us

Hi, what are you looking for?

သတင်း

ပုလဲ၊မင်းတိုင်ပင်ရွာက​နေ စစ်တပ်ကဒရုန်းနဲ့ကင်း​ထောက်​နေလို့စစ်​​ရေးသတိရှိကြဖို့ PDFသတိ​ပေး

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းက ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် စစ်ရေးအထူးသတိရှိဖို့ပုံတောင် Tiger PDF က ထုတ်ပြန်ပါတယ်။

■လိပ်ပုကန်ရွာက အိမ် ၅ လုံးကိုစစ်တပ်မီးရှို့

ဒီဇင်ဘာ-၇၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းက ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် စစ်ရေးအထူးသတိရှိဖို့ပုံတောင် Tiger PDF က ထုတ်ပြန်ပါတယ်။

စစ်တပ်အခြေချတပ်စွဲထားတဲ့ မင်းတိုင်ပင်ရွာကနေ ကင်းထောက်ဒရုန်းတွေအပြင် multirotor ဒရုန်းတွေနဲ့ပါ နေ့စဥ်ထောက်လှမ်းနေတယ်လို့ ရုပ်သံမှတ်တမ်းနဲ့တကွ အသိ​ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် တော်လှန်ရေးတပ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အချိန်မ‌ရွေးပြုလုပ်လာနိုင်တာကြောင့် စစ်ရေးအသိအထူးရှိကြဖို့ အသိပေးပါတယ်။

“မင်းတိုင်ပင်မှာက စကစ ဘက်က အင်အား ၁၀၀ ကျော်ရှိနေသလို အဲဒီအနီးတဝိုက်ရွာတွေကို စစ်ကြောင်းထိုးတာခပ်စိပ်စိပ်ဖြစ်နေတယ်။ပြီးတော့ သူတို့လုပ်နေကြအတိုင်းမီးရှို့တာတွေရှိနေတယ်”လို့ ပုလဲ အခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၇ ရက်)မှာလည်း မင်းတိုင်ပင်ရွာက နေ စစ်ကောင်စီစစ်ကြောင်းကနှောကန်နဲ့ လက်ပုကန်ကျေးရွာတွေကို ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။

ထပ်မံရရှိတဲ့ သတင်းမရ လပ်ပုကန်ရွာကိုဝင်လာတဲ့ စစ်ကြောင်းဟာ ဒီနေ့(ဒီဇင်ဘာ-၇)မွန်းလွဲ ၁နာရီခန့်မှာဒေသခံတွေရဲ့အိမ် ၅လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဘေးလွတ်ရာထွကိပြေးလာခဲ့တဲ့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ပုလဲ မြို့နယ်အနောက်ခြမ်းက ကန်ဒေါင့်ရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ