Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကတောင်သာ-မြင်းခြံလမ်းတလျှောက်ကရွာ​​တွေက အိမ်​ခြေနှစ်ရာဝန်းကျင်ကို မီးရှို့

မန္တလေးတိုင်း၊တောင်သာ-မြင်းခြံလမ်းတလျှောက်နဲ့ တောင်သာမြို့အနီးတဝိုက်က ကျေးရွာခြောက်ရွာကို စစ်တပ်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်မီးရှို့ ဖျက်ဆီးပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ တောင်သာ

ဒီဇင်ဘာ – ၇၊၂၀၂၅။ မိုမို/People’s Spring

မန္တလေးတိုင်း၊တောင်သာ-မြင်းခြံလမ်းတလျှောက်နဲ့ တောင်သာမြို့အနီးတဝိုက်က ကျေးရွာခြောက်ရွာကို စစ်တပ်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်မီးရှို့ ဖျက်ဆီးပြီး​နောက်မြင်ကွင်း။

ဓါတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ တောင်သာ

နိုဝင်ဘာ တတိယပတ်ကစလို့ ဒီဇင်ဘာ ၇ ရက်နေ့အထိ တောင်သာ-မြင်းခြံ လမ်းတစ်လျှောက်နဲ့ မြို့ပတ်လည်ကကျေးရွာတွေကို စစ်တပ်ရဲ့ မီးရှို့မှုတွေ ကြောင့် နေအိမ် ၂၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တောင်သာမြို့အထွက်ကတမံကြီး၊ ဆည်ကုန်း(မ)၊ ညောင်ဒို၊ပဲခင်းကျော်၊ ခြုံကြီး နဲ့ အင်းတဲ စတဲ့ရွာတွေ မီးရှို့ခံခဲရတာလို့ အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

တောင်သာမြို့နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ကပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တာအပြင် ဒေသခံတွေကို သတ်ဖြတ်မုဒိန်းကျင့်အကြမ်းဖက်တာတွေ ပိုလုပ်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်က၎င်းတို့ကိုထောက်ခံသူ​​​တွေ​ရော ၊ဆန့်ကျင်သူ​တွေ​ရောကိုပါ ဘယ်သူကိုမှအလွတ်မပေးပဲ ရက်စက် ယုတ်မာစွာပြုကျင့်နေတာလို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် စစ်တပ်စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်က ပြည်သူတွေ အနေနဲ့ လွတ်ကင်းအောင် တိမ်းရှောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် တောင်သာ-နွားထိုးကြီး လမ်းပိုင်း နဲ့ တောင်သာ- ရုံးစည်ကြီး-မိတ္ထီလာလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်သတ်မရှိ သွားလာခွင့် ပိတ်ထားပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တောင်သာမြို့ခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကဒီဇင်ဘာလ ၂၈ ရက်မှာ လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းထဲက တော်လှန်ရေးအခြေစိုက်တပ်တွေ အားကောင်းတဲ့ မြင်းခြံ၊နွားထိုးကြီး နဲ့ တောင်သာ မြို့နယ်တွေကို အောက်တိုဘာ လကတည်းက အဆက်မပြတ် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ