Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ကျရှုံးခန်းမြင်ရရေး ပြည်သူတွေ ဆက်လက်ပါဝင်အားဖြည့်ပေးဖို့ ချောက်ပကဖ တာဝန်ခံ တိုက်တွန်း

ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တော်လှန်နေချိန် လိုအပ်ချက်တွေများတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်ပေးဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုဘကွန်းက တိုက်တွန်းလိုက်ပါတယ်။

ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ချောက်ပကဖ

ဒီဇင်ဘာ ၇၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တော်လှန်နေချိန် လိုအပ်ချက်တွေများတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်ပေးဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုဘကွန်းက တိုက်တွန်းလိုက်ပါတယ်။

ချောက်ပကဖရဲ့ စစ်ဆင်ရေးဖော်ဆောင်ဖို့ လိုအပ်ချက်တွေဖြည့်ဆည်းဖို့ လုပ်ဆောင်နေတဲ့ ရောင်နီပြမည်ချောက်မြို့ဆီ ကျပ်သိန်းတစ်သောင်း ရံပုံငွေ ရရှိရေးကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ရေး မြို့နယ် ပကဖ တာဝန်ခံ ကိုဘကွန်းက အခုလို တိုက်တွန်းခဲ့တာပါ။

လက်နက်ခဲယမ်းပြည့်စုံတဲ့ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်ဟာလည်း လက်နက်ခဲယမ်းဖြစ်လို့ ပြည်သူတွေ တက်နိုင်တဲ့ဘက်က ပါဝင်ထောက်ပံ့ပေးဖို့ ကိုဘကွန်းက နှိုးဆော် ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူမပါတဲ့ပွဲဟာ ဘယ်တော့မှ မအောင်နိုင်ကြောင်းနဲ့ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေတဆင့်ပြီး တဆင့် တက်လှမ်းနိုင်နေတာဟာ ပြည်သူတွေရဲ့ ပါဝင်အားဖြည့် ထောက်ပံ့မှုကြောင့် ဖြစ်တယ်လို့ ကိုဘကွန်းက ပြောပါတယ်။

“ကျနော်တို့ တတွေသေချာပေါက်အောင်နိုင်မှာပါ။ ဒါကလည်း မိဘပြည်သူတွေရဲ့ ပါဝင်မှုကြောင်ဖြစ်ပါတယ်။” လို့ ကိုဘကွန်းက ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ စစ်အာဏာရှင် ပြုတ်ကျသည်အထိ အသက်ကို ပဓာဏမထားဘဲ နိုင်ရာတာဝန် ကျရာ တာဝန်ကနေ တော်လှန်သွားမယ်လို့လည်း ကိုဘကွန်းက ကတိပြုပါတယ်။
ချောက်မြို့ဆိုတာ မြေပြန့်ဖြစ်ပြီး တောတောင် ရှိုမြောင်မရှိလို့ လုံခြုံရေးအင်မတန်အားနည်းတဲ့ ဒေသ ဖြစ်တယ်လို့ အသိပေးပါတယ်။

“ ဒါပေမဲ့ ကျနော်တို့တတွေ စုပေါင်းစွမ်းအားတွေနဲ့ ရအောင် ကျနော်တို့ တော်လှန်တိုက်ထုတ်ခဲ့တာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ကို ရရှိပြီဖြစ်ပါတယ်”လို့လည်း ကိုဘကွန်းက ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေဟာ တိုင်းပြည်အတွက် အသက်ကို ပေးဆပ်နိုင်သလို ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို ပေးဆပ်နိုင်ကြောင်း၊ ဒါကြောင့် ပြည်သူတွေကလည်း တော်လှန်ရေးရဲဘော်တွေကို ထောက်ပံ့ပေးဖို့ ကိုဘကွန်းက နှိုးဆော်လိုက်ပါတယ်။

ရောင်နီပြမည် ချောက်မြို့ဆီ ကမ်ပိန်းဟာ ဒီဇင်ဘာ ၃ရက်က စတင်ခဲ့တာဖြစ်ပြီး ၂၀၂၆ ဖေဖော်ဝါရီ ၃ရက်နေ့အထိ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ