Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတိုက်ပွဲမှာ စစ်ကောင်စီက စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)တွေရှိတဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲဟု ရဲဘော်တွေပြော

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီက စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)တွေရှိတဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

ဒီဇင်ဘာ-၁၀ ၊၂၀၂၅၊ဇော်ဝင်း/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီက စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)တွေရှိတဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်က ဖယ်ခုံမြို့နယ်၊ တောင်စလုံးရွာအနီးတိုက်ပွဲမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းဆိုင်ရာသတင်းအချက်အလက်တွေနဲ့ မြေပြင်ရဲဘော်တွေရဲ့ ပြောဆိုချက်အရ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)တွေရှိတဲ့နေရာကို စစ်ကောင်စီက MIG -29 လေယာဥ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲထဲ ဗိုလ်ကြီးအဆင့်သေတော့ လေယာဥ် ရောက်လာတယ်။ပြီးတော့ ဗုံးချတာ။သူတို့တပ်နေရာကို ကျသွားတယ်”လို့ တောင်စလုံးရွာတိုက်ပွဲမှာပါဝင်နေတဲ့ မြေပြင်ရဲဘော်က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်တပ်ထံက ခဲယမ်းအချို့လည်း သိမ်းရခဲ့ပါတယ်။

တောင်စလုံးရွာကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တို့က ၂၀၂၅ အောက်တိုဘာက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

“ကျနော့်တို့ အရင်နှစ်ရက်လောက်က ထိုးစစ်ပြန်လုပ်တာပါ။အဲဒီမှာ သူတို့ဘက်က အရာရှိအဆင့်ကျလို့ လေကြောင်းပစ်ကူလာပြီး ဗုံးကြဲသွားတာ”လို့ ဖယ်ခုံ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုမှာ စစ်အုပ်စုက ထိခိုက်မှုတွေရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ တိုက်ပွဲပြန်ငြိမ်နေပြီး စစ်တပ်က တောင်စလုံးရွာအနီးကို လက်နက်ကြီးပစ်တာနဲ့ ဒရုန်း ဗုံးချတာတွေ လုပ်နေတယ်လို့ အထက်ပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။

တောင်စလုံးရွာက ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်မှာရှိပြီး လမ်းပိုင်းဆိုင်ရာ စစ်ရေးအချက်အလက်တွေအရ အသာစီးရယူနိုင်တဲ့နေရာလို့ သိရပါတယ်။

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေရဲ့ နေရာအနှံ့မှာ ရွေးကောက်ပွဲ အလုံးစုံကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပေမယ့် တိုက်ပွဲတွေမှာ အထိနာပြီး အရာရှိအဆင့်အပါအဝင် သေဆုံးသူတွေများနေတယ်လို့ ရဲဘော်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ