Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြောက်ဘက်ဗဟိုပြုပြီး အင်အားအသင့်တင့်ရှိ မြေငလျင်လှုပ်ခတ်

မန္တလေးမြို့မြောက်ဘက်ကို ဗဟိုပြုပြီး အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇အဆင့်ရှိ ငလျင်ဒဏ်သင့် အဆောက်အအုံရှေ့က မန္တလေးမြို့ခံ အမျိုးသမီး ၂ ဦး။ ဓာတ်ပုံ - Getty Images

ဒီဇင်ဘာ-၁၀၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မြောက်ဘက်ကို ဗဟိုပြုပြီး အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီ ၅မိနစ်ခန့်မှာ မန္တလေးမြို့ရဲ့မြောက်ဘက် ၆၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၈ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတာဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးပါတယ်။

ငလျင်ဟာ သိသာတာကြောင့် အထပ်မြင့်နေထိုင်သူတွေ စိုးရိမ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သိသိသာသာလှုပ်သွားလို့အထပ်မြင့်ကနေ ဆင်းပြေးရတယ်”လို့ မန္တလေးနန်းရှေ့မှာနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့အပြင် ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ ​တံတားဦး၊ အမရပူရစတဲ့ဒေသတွေကပါ သိသာစွာလှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်မှု ၉ နီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ ပြန်လည်တည်ဆောက်ရေးတွေ ပြုလုပ်နေရဆဲဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေကြောင့် အဆောက်အဦး ထပ်မံထိခိုက်တာတွေရှိနေဆဲ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ