Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲဝင်အညာPDF တွေထဲက တပ်ရင်း(၂)ခု တာဝန်ပြီးဆုံးလို့ နေရပ်ပြန်လာ

ဗန်းမော်မြို့သိမ်းတိုက်ပွဲဝင်ခဲ့တဲ့ အညာဒေသ PDF တွေထဲက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က တပ်ရင်းအချို့ဟာ တာဝန်တွေပြီးဆုံးလို့ နေရပ်ကိုပြန်လာကြပါပြီ။

ဒီဇင်ဘာ-၁၄၊၂၀၂၅။နွေနှောင်း/People’s Spring

ဗန်းမော်မြို့သိမ်းတိုက်ပွဲဝင်ခဲ့တဲ့ အညာဒေသ PDF တွေထဲက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က တပ်ရင်းအချို့ဟာ တာဝန်တွေပြီးဆုံးလို့ နေရပ်ကိုပြန်လာကြပါပြီ။

ဗန်းမော်မြို့သိမ်းတိုက်ပွဲဝင် ယင်းမာပင်ခရိုင်က တပ်ရင်း ၂၈ နဲ့ တပ်ရင်း ၃၁ ကပြည်သူ့ကာ

ကွယ်ရေးရဲဘော်တွေ နေရပ်ပြန်လာတဲ့ရုပ်သံဖိုင်ကို တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်ခရိုင်တပ်ရင်း ၂၈နဲ့ တပ်ရင်း ၃၁က ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ ပင်လည်ဘူးနဲ့ ‌ကောလင်းမြို့ကိုသိမ်းယူတဲ့ ကသုံးလုံးစစ်

ဆင်ရေးမှာလည်း ပါဝင်ခဲ့ပါတယ်။​ကောလင်းမြို့သိမ်းပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုပါ သွား

ရောက် ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။

၇ လကျော်ကြာခဲ့တဲ့ စစ်ဆင်ရေးကို စုစုပေါင်း ရဲဘော်၆၉ဦးသွားရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ခွဲမှူးရဲဘော်နိုင်းနိုင်းအပါအဝင် ၅ ဦး ကျဆုံးပြီး ထိခိုက်သူ ၇ဦး ရှိခဲ့တယ်လို့ ဗိုလ်စွမ်းသူမောင်ကဒီဇင်ဘာလ၁၃ရက်နေ့မှာ ပြောပါတယ်။

အညာဒေသက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၄ ဇွန်လ၂၅ မှစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးဒုတိယပိုင်း၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့မှာစတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့က တရုတ်အစိုးရရဲ့ဖိအားကြောင့် စစ်ကောင်စီနဲ့ ညှိနှ်ိုင်းပြီး အပစ်ရပ်ထားပါတယ်။ KIAကတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေလည်းပြင်းထန်နေပါတယ်။

တာဝန်တွေပြီးဆုံးလို့အိမ်ပြန်ခရီးနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း၂၈ကရဲဘော်တစ်ဦးက” “ရဲဘော်တွေ တာဝန်ကျေလို့ မိခင်တပ်ရင်းကို

ပြန်လာနိုင်ခဲ့ပေမယ့် အပြန်ခရီးမှာ လူမစုံခဲ့တဲ့အတွက် ငိုကြွေးခဲ့ရပါတယ်။ ​ပြည်သူ့အတွက် အောင်ပွဲနဲ့ပြန်လာခဲ့မယ်”လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဆက်စပ်သတင်းများ