Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းတွေလွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို စစ်ကိုင်းတိုင်းက ပြည်သူတွေကလည်း ဒီကနေ့ (ဒီဇင်ဘာ ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - All In One Piece Movement၊ GSCB

ဒီဇင်ဘာ-၁၅၊၂၀၂၅။သုည/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို စစ်ကိုင်းတိုင်းက ပြည်သူတွေကလည်း ဒီကနေ့ (ဒီဇင်ဘာ ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့အတူ လက်ပံတောင်းတောင်ပင်မသပိတ် ရွှေဗန့်ဂျီသပိတ်တို့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုမှ တော်လှန်ပြည်သူတွေက “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဆိုင်းဘုတ်တွေကို လိုက်လံစိုက်ထူပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဖော်ဆောင်တဲ့ ဆိုင်းဘုတ်တွေကို ရွေဘို-မုံရွာ၊ ရွှေဘို-ရေဦး ကားလမ်းမပေါ်နဲ့ ခရီးသွားပြည်သူတွေ အသုံးပြုတဲ့ ကားလမ်းတွေမှာ ချိတ်ဆွဲကာ လှုံ့ဆော်ခဲ့ပါတယ်။

ဘုတလင်မြို့ပေါ်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေးအတွက် “All In One Piece Movement” လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြတော်လှန်ပြည်သူတွေက “ဖက်ဆစ်ရွေး ကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်”၊ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ကာ “နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးချက်ခြင်းလွှတ်”စတဲ့ ကြွေးကြော်သံတွေနဲ့ချီတက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ