Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။

မြောက်ဦးမြို့ဆေးရုံကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး ​နောက်အ​ပေါ်စီးက​တွေ့ရစဥ်။ ဓာတ်ပုံ - Wai Han Aung

“ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်”

— ဦးမင်းကိုနိုင်

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ People’s Spring

အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။

စစ်ကောင်စီက မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်နဲ့ပတ်သက်ပြီး ​တော်လှန်​ရေးအင်အားစု​တွေဖြစ်တဲ့ ဦးမင်းကိုနိုင်အပါအဝင်လူပုဂ္ဂိုလ်နဲ့အဖွဲအစည်း စုစုပေါင်း ၄၅ဖွဲ့ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိင်းရေးအင်အားစု(GSCB)က ဒီကနေ့ည ဒီဇင်ဘာ ၁၆ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်တွေအား တညီတညွတ်တည်း တော်လှန်နေကြသူသွေးချင်းတွေဖြစ်လို့ ဘယ်သူထိခိုက်နစ်သည်ဖြစ်စေ အတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို သန္နိဌာန်ပြုကြောင်းလည်း တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်။ တော်လှန်ရေးကိုစိတ်ဝမ်းခွဲချင်တယ်ဒါကို ဖေါ်ထုတ်တုန့်ပြန်ကြတာပဲ” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာကအရေးယူတဲ့အထိ အားလုံးအားစိုက်ကြအုံးမှာ ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က အသိပေးပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ညပိုင်းမှာ မြောက်ဦးမြို၊ ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ရာ လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၃၃) ဦးထက်မနည်းသေဆုံးကာ ၇၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလို ဗုံးကြဲအပြီး နောက်နေ့ညမှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်က ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ထပ်မံဗုံးကြဲခဲ့လို စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီလို အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ရေးပစ်မှတ်ကို သတင်းအတိအကျရလို့ တိုက်ခိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက လိမ်ညာဝါဒဖြန့်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်တဝန်းလုံးအပါအဝင် မြန်မာပြည်အနှံအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook