Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာ

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ဦး။ ဓာတ်ပုံ - လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့

ဒီဇင်ဘာ-၁၇၊၂၀၂၅၊မိုမို/People’s Spring

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ဦး။ ဓာတ်ပုံ – လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့

ထားဝယ်အခြေစိုက် ခလရ(၂၆၇)တပ်ရင်းက တပ်သားနှစ်ဦးကို အခုဒီဇင်ဘာ ၁၃ရက် ညပိုင်းက ကယ်ထုတ်ခဲ့ပြီး ဆုငွေပါချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“တစ်ယောက်က ရန်ကုန်သား၊နောက်တစ်ယောက်က ဧရာဝတီတိုင်းက။အသက်တွေက ၁၈ နှစ် နဲ့ ၂၉ နှစ်အရွယ်တွေ “လို့ အထက်ပါတာဝန်ရှိသူက လွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးအကြောင်းရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သူတို့တွေဟာ စစ်မှုထမ်းအပတ်စဥ် (၁၆)ကဖြစ်ပြီး လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း နဲ့အတူ ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။

အလင်းဝင်လာချိန်မှာ MA 1 နှစ်လက် ၊ကျည်ဘောက် နှစ်ခု၊ ကျည် ငါးဆယ်သယ်လာခဲ့တယ်လို့ အသိပေးပါတယ်။

ဆုကြေးငွေအဖြစ် ကျပ် သိန်း ၃၀ပေးခဲ့ပြီးလုံခြုံစိတ်ချရတဲ့နေရာ​ကိုပါ ပို့ဆောင်ထားတယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက် အမြန်ဆုံးကူးပြောင်းကြဖို့လည်း စစ်ကောင်စီတပ်သားတွေကို ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

အခုနှစ် အောက်တိုဘာက လောင်းလုံးမြို့နယ်က မောင်းမကန်စခန်းကို တော်လှန်ရေးအင်အားစုတွေ သိမ်းခဲ့တဲ့နောက် စစ်ကောင်စီတပ်က မြို့နယ်တွင်း စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။