Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာ

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ဦး။ ဓာတ်ပုံ - လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့

ဒီဇင်ဘာ-၁၇၊၂၀၂၅၊မိုမို/People’s Spring

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ဦး။ ဓာတ်ပုံ – လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့

ထားဝယ်အခြေစိုက် ခလရ(၂၆၇)တပ်ရင်းက တပ်သားနှစ်ဦးကို အခုဒီဇင်ဘာ ၁၃ရက် ညပိုင်းက ကယ်ထုတ်ခဲ့ပြီး ဆုငွေပါချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“တစ်ယောက်က ရန်ကုန်သား၊နောက်တစ်ယောက်က ဧရာဝတီတိုင်းက။အသက်တွေက ၁၈ နှစ် နဲ့ ၂၉ နှစ်အရွယ်တွေ “လို့ အထက်ပါတာဝန်ရှိသူက လွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးအကြောင်းရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သူတို့တွေဟာ စစ်မှုထမ်းအပတ်စဥ် (၁၆)ကဖြစ်ပြီး လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း နဲ့အတူ ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။

အလင်းဝင်လာချိန်မှာ MA 1 နှစ်လက် ၊ကျည်ဘောက် နှစ်ခု၊ ကျည် ငါးဆယ်သယ်လာခဲ့တယ်လို့ အသိပေးပါတယ်။

ဆုကြေးငွေအဖြစ် ကျပ် သိန်း ၃၀ပေးခဲ့ပြီးလုံခြုံစိတ်ချရတဲ့နေရာ​ကိုပါ ပို့ဆောင်ထားတယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက် အမြန်ဆုံးကူးပြောင်းကြဖို့လည်း စစ်ကောင်စီတပ်သားတွေကို ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

အခုနှစ် အောက်တိုဘာက လောင်းလုံးမြို့နယ်က မောင်းမကန်စခန်းကို တော်လှန်ရေးအင်အားစုတွေ သိမ်းခဲ့တဲ့နောက် စစ်ကောင်စီတပ်က မြို့နယ်တွင်း စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။