Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့စစ်ဆေးရေးဂိတ်က စစ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်တပ်သားယူလာတဲ့ သေနတ် ၂လက်။ ဓာတ်ပုံ - ရေဦးပကဖ

ဒီဇင်ဘာ-၁၇၊၂၀၂၅ ၊ မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရဲ့စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦး သေနတ် ၂လက်ယူလာပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၁၇ ရက်) မနက် ၈နာရီဝန်းကျင်က ရေဦးမြို့ ကြာဖူးအဝိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သားတစ်ဦးက MA1 တစ်လက်နဲ့ G-3တစ်လက် ယူလာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရွှေဘိုမြို့နယ်အခြေစိုက်ထောက်ပို့တပ်က တပ်သား ကျော်မျိုးသူ အလင်းဝင်လာရတဲ့အကြောင်းအရင်းကို မေးမြန်းနေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့တော့ မှတ်တမ်းမယူနိုင်သေးဘူး”လို့ ရေဦးပကဖ တာဝန်ရှိသူက အလင်းဝင်တပ်သားနဲ့ပတ်သက်ပြီး လူထုနွေဦးကို ပြောပါတယ်။

အခုတပ်သားအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲနဲ့ စစ်သားရှစ်ဦးဟာ ရေဦးပကဖထံ အလင်းဝင်လာပါတယ်။

ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်က ကြာဖူးအဝိုင်း၊တိုင်းရင်းဆေးရုံ၊ ရဲစခန်း ၊ ရွှေကျီးမင်းဂိတ် နဲ့ မြို့မြောက်ဘက်ဂိတ်ဆိုပြီး စစ်ဆေးရေးဂိတ်စခန်းတွေမှာ အင်အား ၃၀၀ဝန်းကျင် နဲ့တပ်စွဲထားတာဖြစ်ပါတယ်။

ဒါ့အပြင် ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ပေါ်မှာသာ တပ်စွဲထားနိုင်ပြီး ကျေးရွာ ၁၉၁ ရွာအနက် အောင်သာယာကျေးရွာကလွဲရင် ကျန်ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမှုရရှိထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။