Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်အောင်ကျော်နေ့(ခ)ကျောင်းသားနေ့ (၈၇)နှစ်ပြည့်အထိမ်းအမှတ် စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဗိုလ်အောင်ကျော်နေ့ (ခ) ကျောင်းသားနေ့ (၈၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ-၂၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဗိုလ်အောင်ကျော်နေ့ (ခ) ကျောင်းသားနေ့ (၈၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ[ဗ.က.သများအဖွဲ့ချုပ်]က မဟာမိတ်အဖွဲ့အစည်းဖြစ်သော ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းနဲ့အတူ အခြေခံပညာကျောင်းသားသမဂ္ဂရဲဘော်တွေက ဗိုလ်အောင်ကျော်ကျဆုံးခြင်း (၈၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာမှာ ဆန္ဒပြပွဲကျင်းပခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ် အမှတ် (၁) နယ်မြေ မြို့နယ် ယာယီရုံးမှာ ဗမာနိုင်ငံကျောင်းသားနေ့ (ခ) ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ တရပ်ကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားမှ အစီအစဉ် (၆)ရပ် ပြုလုပ်ခဲ့ပြီး တိုက်ပွဲဝင်ဗကသအလံတော်အလေးပြုခြင်း ၊ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဌ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းသားရဲဘော်တွေက ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ညနေခင်းသပိတ်အဖြစ် “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။