Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအထိနာနေတဲ့ ကောလင်းတိုက်ပွဲဆီ ဝန်းသိုကနေ စစ်ကူပို့နေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေစဉ် ဝန်းသိုမြို့က စစ်တပ်ရင်းတွေထဲက အင်အား ၁၀၀ ကျော်ဟာ စစ်ကူပေးဖို့ ကောလင်းမြို့ဘက်ကို ဦးတည်ထွက်ခွာလာနေပါတယ်။

စစ်ကောင်စီရဲ့သစ်ဖုလ စခန်းကို PDF ​တွေ သိမ်းယူအပြီး တွေ့ရစဥ်။

‌ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေစဉ် ဝန်းသိုမြို့က စစ်တပ်ရင်းတွေထဲက အင်အား ၁၀၀ ကျော်ဟာ စစ်ကူပေးဖို့ ကောလင်းမြို့ဘက်ကို ဦးတည်ထွက်ခွာလာနေပါတယ်။

၀န်းသိုမြို့က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ ခမရ (၁၂၀)တပ်ရင်းကနေ အင်အား ၁၀၀ ကျော် ဒီနေ့ ဒီဇင်ဘာ ၂၀ရက် မနက်အစောပိုင်းမှာထွက်ခွာလာတာဖြစ်ပြီး အာမခံကျေးရွာနဲ့ ဩဂကျေးရွာဘက်ကို ရောက်နေပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ကောလင်းကို စစ်ကူသွားနေတာ။ လေကြောင်းကနေလည်း ဆက်တိုက်ကြဲနေတယ်။ အဲ့ဒီစစ်ကြောင်းကိုလည်း PDF တွေ ဖြတ်တိုက်နေတယ်”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ အဓိကစခန်းတချို့ကို PDFတပ်ရင်းတွေနဲ့ ပူး‌ပေါင်းတပ်တွေ တိုက်ခိုက်နေပြီး စစ်ရေးအရ အချက်အချာကျတဲ့ သစ်ဖုလတောင်စခန်းကို ဒီနေ့ မနက်ပိုင်းမှာ သိမ်းယူလိုက်ပါတယ်။ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီရဲ့ သုံ့ပန်းတစ်ဦးကို ဖမ်းမိထားပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရထားပါတယ်။

မြေပြင်တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်က ဝန်းသိုမြို့အခြေစိုက် ခမရ(၁၂၀)ကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေသလို လေကြောင်းကနေလည်း ဗုံးကြဲနေပါတယ်။

ဒီ‌နေ့ သိမ်းယူထားနိုင်တဲ့ သစ်ဖုလတောင်ဟာ ကောလင်းမြို့နယ် အမှတ်(၁) တပ်ရင်းနယ်မြေမှာ ပါဝင်ပြီး စစ်ကောင်စီက အင်အားအများအပြား ချထားတဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကလည်း သစ်ဖုလတောင်အနီး တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေများခဲ့ပါတယ်။

ကောလင်းမြို့နယ်မှာ ဧပြီလက တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်သား(၂၀)ခန့် သေဆုံးပြီး RPG တွေနဲ့ ကျည်မျိုးစုံ နှစ်ထောင်ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမှတ်(၁)စစ်ဒေသက သတင်းမထုတ်ပြန်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာ​​​အရှိန်မထိန်နိုင်​ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook