ဒီဇင်ဘာ-၂၉၊၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချော်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ကျေူရွာထဲမှာ နင်းမိုင်းတွေအများအပြား ထောင် ထားခဲ့တယ်လို့လည်း ဆိုပါတယ်။
မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ် ဌာနချုပ်(နမခ)နဲ့ ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ စတပ်တွေ ပေါင်းပြီး ချောင်းဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျီကုန်းရွာကို အခု ဒီဇင်ဘာ ၁ရက်ကနေ ၂၆ရက်အထိ တပ်စွဲခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
ကျီကုန်းရွာ(အရှေ့ရွာ )က နေအိမ် ၁၃၅လုံးနဲ့ ကျီကုန်းရွာသစ်(အနောက်ရွာ)က နေအိမ် ၈၅လုံး မီးရှို့ခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းက လမ်းတွေ၊ပြည်သူနေအိမ်တွေမှာ နင်းမိုင်းတွေ တွေ့ရှိခဲ့ရပြီး ဒီဇင်ဘာ ၁၅ရက်က ပြည်သူတစ်ဦး နင်းမိုင်းထိ တာနဲ့ ဒီကနေ့(ဒီဇင်ဘာ ၂၉ ရက်) နေ့လယ်မှာ ပြည်သူတစ်ဦး ခြေထောက်ပြတ်ခဲ့ရတယ်လို့ သိရပါတယ်။
“ဒီကနေ့အထိ နင်းမိုင်း ၁၁ လုံးတွေ့ထားတယ်။အကုန်လုံးမရှင်းနိုင်သေးဘူး”လို့ ချောင်းဦး မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် ဒေသခံပြည်သူတွေကို ကျေးရွာအတွင်းဝင်ရောက်ဖို့ တားမြစ်ထားပြီး မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ပြီးမှ ပြန်ဝင်ဖို့ တိုက်တွန်းထားတယ်လို့ သူက ဆိုပါတယ်။
“ကျီကုန်းက တပ်ကတော့ မုံရွာမြို့နယ်ထဲ ပြန်ဝင်သွားတယ်။အမြင့်မှာတော့ စစ်ကြောင်းကရှိနေတုန်းပဲ”လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒေသတွင်းပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို သတိထားကြဖို့လည်း ချောင်းဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။




















































