Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦးသတ်ဖြတ်၊ နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချော်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ထောင်ထားတဲ့ ကျေးရွာအတွင်း တွေ့ရှိတဲ့ နင်းမိုင်းတွေ။ ဓာတ်ပုံ - ချောင်းဦး ပကဖ

ဒီဇင်ဘာ-၂၉၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက သံဃာတစ်ပါးနဲ့ ပြည်သူသုံးဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချော်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကျေူရွာထဲမှာ နင်းမိုင်းတွေအများအပြား ထောင် ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

မုံရွာမြို့နယ်​အခြေစိုက် အနောက်မြောက်တိုင်း စစ် ဌာနချုပ်(နမခ)နဲ့ ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ စတပ်တွေ ပေါင်းပြီး ချောင်းဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျီကုန်းရွာကို အခု ဒီဇင်ဘာ ၁ရက်ကနေ ၂၆ရက်အထိ တပ်စွဲခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျီကုန်းရွာ(အရှေ့ရွာ )က နေအိမ် ၁၃၅လုံးနဲ့ ကျီကုန်းရွာသစ်(အနောက်ရွာ)က နေအိမ် ၈၅လုံး မီးရှို့ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက လမ်းတွေ၊ပြည်သူနေအိမ်တွေမှာ နင်းမိုင်းတွေ တွေ့ရှိခဲ့ရပြီး ဒီဇင်ဘာ ၁၅ရက်က ပြည်သူတစ်ဦး နင်းမိုင်းထိ တာနဲ့ ဒီကနေ့(ဒီဇင်ဘာ ၂၉ ရက်) နေ့လယ်မှာ ပြည်သူတစ်ဦး ခြေထောက်ပြတ်ခဲ့ရတယ်လို့ သိရပါတယ်။

“ဒီကနေ့အထိ နင်းမိုင်း ၁၁ လုံးတွေ့ထားတယ်။အကုန်လုံးမရှင်းနိုင်သေးဘူး”လို့ ချောင်းဦး မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေကို ကျေးရွာအတွင်းဝင်ရောက်ဖို့ တားမြစ်ထားပြီး မိုင်းရှင်းလင်းရေးနဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ပြီးမှ ပြန်ဝင်ဖို့ တိုက်တွန်းထားတယ်လို့ သူက ဆိုပါတယ်။

“ကျီကုန်းက တပ်ကတော့ မုံရွာမြို့နယ်ထဲ ပြန်ဝင်သွားတယ်။အမြင့်မှာတော့ စစ်ကြောင်းကရှိနေတုန်းပဲ”လို့ ချောင်းဦးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒေသတွင်းပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို သတိထားကြဖို့လည်း ချောင်းဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။