Connect with us

Hi, what are you looking for?

News

KIA တိုက်ခိုက်လိုက်သည့် စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့်PDFက နေရာ ၈ခု၌ မိုင်းဖြင့် ထပ်မံတိုက်ခိုက်၊ အနည်းဆုံး ယာဉ် ၂စီးပျက်စီး

“ထီးချိုင့်မြို့နယ် ကျော်သွားရင် မန္တလေးတိုင်းထဲ ရောက်သွားတဲ့အတွက် မန္တလေးတိင်းမှာတော့ ဒီဟာမျိုးက သိပ်လုပ်တဲ့ဟာတော့မရှိဘူး။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ မိုင်းခွဲတိုက်ခိုက်တာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်တာ က ထီးချိုင့်မြို့နယ် ပြီးသွားရင်တော့ သိပ်မရှိတော့ပါဘူး” ဟုလည်း PDFတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

(စက်သုံးဆီယာဥ်မိုင်းထိ့၍ မီး​လောင်​နေစဥ် ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်လိုက်သည့် စစ်ကား ၃၀ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က နေရာ ၈ခု၌ မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းထပ်မံပြုလုပ်ခဲ့​ကြောင်းPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ်သို့ ယ​နေ့( ဒီဇင်ဘာ ၄ရက်) မွန်းလွဲ ၂နာရီ ခွဲတွင် စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာရာ ဘိုတဲကုန်း၊ ဆီးဖြူကျင်း၊ ဆားတွင်း၊ ရွှေလီ၊ ကွင်းကြီး၊ ပေါက်ကုန်း ၊ သခွပ်ချောင် စသည့် ကျေးရွာများ အနီး နှင့် ထီးချိုင့်အထွက် တစ်နေရာအပါအဝင် နေရာ ၈နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ဟု ၎င်း ကဆက်​ပြောသည်။

(စက်သုံးဆီယာဥ်မိုင်းထိ့၍ မီး​လောင်​နေစဥ် ။ဓါတ်ပုံ-CJ)

“မိုးညှင်းကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ၃၀ကျော်ကို ကျွန်တော်တို့ ထီးချိုင့် PDFက နေမှ မိုင်းခွဲတိုက်ခိုက်တယ်၊ကျန်တဲ့ လက်နက်ကြီး လက်နက်ငယ်နဲ့လည်း ပစ်တယ်ပေါ့။အဲဒီမှာ အထက်မှာထိခဲ့တဲ့ဟာတွေလည်း မိုင်းခွဲတဲ့ဟာတွေလည်းရှိတယ်။ မြေပြင်မှာ ဆီဘောက်ဆာကားမီးလောင်တယ်။ ထီးချိုင့်မြို့နယ်အဝင်မှာ ကားတစ်စီးလဲသွားတယ်။ မိုင်းခွဲတော့ ကားတစ်စီးက ထိပြီးလဲသွားတယ်။ အထိအခိုက်အကျအဆုံးက မသိဘူး” ဟု အဆိုပါ PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းတွင် ဆီဘောက်ဆာကားများ၊ ရိက္ခာတင်ယာဉ်များ ပါဝင်ကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

“ထီးချိုင့်မြို့နယ် ကျော်သွားရင် မန္တလေးတိုင်းထဲ ရောက်သွားတဲ့အတွက် မန္တလေးတိင်းမှာတော့ ဒီဟာမျိုးက သိပ်လုပ်တဲ့ဟာတော့မရှိဘူး။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ မိုင်းခွဲတိုက်ခိုက်တာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်တာ က ထီးချိုင့်မြို့နယ် ပြီးသွားရင်တော့ သိပ်မရှိတော့ပါဘူး” ဟုလည်း PDFတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

(စက်သုံးဆီယာဥ်မိုင်းထိ့၍ မီး​လောင်​နေစဥ် ။ဓါတ်ပုံ-CJ)

KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese ကလည်း ယနေ့မနက် ကအာဏာသိမ်းစစ်ကောင်စီတပ်၏ ကား ၃၃စီးပါ ယာဉ်တန်းကို မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ ပင်ဝေနှင့် မော်လူးကြားတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။စစ်အသုံးအဆောင် ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းကို နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

KIAနှင့် ကချင်-စစ်ကိုင်းဒေသရှိ PDF တပ်ဖွဲ့များက အာဏာသိမ်းစစ်ကောင်စီတပ်ကို သီးခြားတိုက်ခိုက်သလို၊ ပူး​ပေါင်းခုခံတိုက်ခိုက်ခြင်းများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။