Connect with us

Hi, what are you looking for?

News

NLD နာယကဦးတင်ဦးကို မင်းအောင်လှိုင်သွားတွေ့

ဦးတင်ဦး

NLD ပါတီနာယကဦးတင်ဦးရဲ့ ရန်ကုန်က နေအိမ်ကို ဒီနေ့မနက်ပိုင်း ၉ နာရီခွဲလောက်က စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်လာရောက်သွားပါတယ်။


ဘာကြောင့်လာရောက်တာလဲဆိုတာကိုတော့အကြောင်းရင်းမသိရသေးပါဘူး။


“မနေ့ထဲက နေအိမ်ကိုလုံခြုံရေးတွေချထားတယ်။ မိုင်းရှင်းတာတွေဘာတွေလုပ်ပြီး လုံခြုံရေးယူထားတယ်လို့သိရတယ်” လို့ ဦးတင်ဦးမိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။


နာယကဦးတင်ဦးဟာအသက် ၉၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းက နေအိမ်က ရေချိုးခန်းမှာချော်လဲပြီး လေဖြတ်ဝေဒနာခံစားနေရပြီး စကားလည်းမပြောနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးတင်ဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်ပါတယ်။


မင်းအောင်လှိုင်ဟာ လာရောက်ဂါရဝပြုတာလို့ ဦးတင်ဦးရဲ့မြေးမြစ်သူကဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။


နာယကကြီးဦးတင်ဦးဟာ အသက်အရွယ်ကြီးရင့်နေပြီးလေဖြတ်ထားသူလည်းဖြစ်လို့ လမ်းလည်းမလျောက်နိုင်သလို စကားလည်းမပြောနိုင်တော့တာကြောင့် အိမ်အထိလာရောက်တွေ့ဆုံသူကိုငြင်းပယ်မရတဲ့အခြေအနေနဲ့ လက်ခံတွေ့ဆုံလိုက်ရတာလို့ရှင်းပြထားပါတယ်။


တွေ့ဆုံချိန်မှာလည်း ဦးတင်ဦးဟာ ပင်နီတိုက်ပုံဝတ်ပြီးတွေ့ဆုံခဲ့တာလို့သိရပါတယ်။


ဒါဟာ လေဖြတ်ထားလို့စကားမပြောနိုင်ပေမယ့် သူရဲ့စိတ်သဘောထားကိုပြသလိုက်တာလို့ မြေးဖြစ်သူကဆိုထားပါတယ်။


ဒီက​နေ့ရန်ကုန်ကို ​မင်း​အောင်လှိုင်ရောက်​နေပြီး ဒီက​နေ့မနက်လူငယ်​တွေရဲ့သပိတ်ကို သူ့တပ်ဖွဲ့ဝင်​တွေက ကားနဲ့တိုက်ဖြိုခွင်းဖမ်းဆီးခဲ့လို့ ၄ ဦးထပ်မနည်း​သေဆုံးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook