Connect with us

Hi, what are you looking for?

သတင်း

၂၀၂၅အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်

၂၀၂၅တနှစ်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့ အသီးသီးနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲက PDFရဲဘော်တွေနဲ့ ၂၀၂၅နှစ်ကုန်ပိုင်းက တိုက်ပွဲတွေအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - MOD

▪️နှစ်သစ်မှာ စစ်အနိုင်တိုက်ရေး ရည်မှန်းချက်အကောင်အထည်ဖော်မယ်လို့ NUG ကာကွယ်ရေး ပြည်သူကို အစီရင်ခံ

▪️စစ်ကာလ နိုင်ငံရေးဟာစစ်အောင်နိုင်ရေးပင်ဖြစ်တာကြောင့် မဟာမိတ်တွေနဲ့ ညီညွတ်မှု တည်ဆောက်ပြီး မဟာဗျူဟာထိုးစစ်အဆင့် ဖော်ဆောင်မယ်လို့ အသိပေး

▪️၂၀၂၅မှာ ဗိုလ်မှူးအပါအဝင်စစ်ကောင်စီ ၅၃၀ ကျော် ပြည်သူ့ဘက်ကူးပြောင်း၊ တော်လှန်ရေးအဖွဲ့တွေရဲ့ လက်ချက်ကြောင့် ရန်သူ ၅၆၀၀ ကျော်သေဆုံး

ဇန်နဝါရီ ၂၊ ၂၀၂၆။ စု/People’s Spring

Public Service Announcement

Public Service Announcement

၂၀၂၅တနှစ်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့ အသီးသီးနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၆ မှာ တပ်မှူးကြီးအစည်အဝေးကျင်းပပြီး စစ်အနိုင်တိုက်ရေးရည်မှန်းချက် အကောင်ဘအထည်ဖော်သွားမှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူလူထုသို့ အစီရင်ခံခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းစစ်ရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ စိန်ခေါ်မှု၊ လိုအပ်ချက် ရှိတဲ့ အခြေအနေတွေကို အသိပေးရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်ဟောင်းမှာ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေကို နှစ်သစ် ပထမရက် ဇန်နဝါရီ ၁ရက်ညပိုင်းမှာ ထုတ်ပြန်အသိပေးခဲ့တာပါ။

အဲဒီ အစီရင်ခံစာမှာ ပြည်သူ့နွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှု၊ နယ်မြေစိုးမိုးထိန်းချုပ်မှု အခြေအနေ၊ မဟာဗျူဟာလမ်းတွေနဲ့ နယ်စပ်မြို့တွေ စိုးမိုးမှု၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဖြစ်ပေါ်တိုးတက်မှု၊ ရန်သူ့အင်အား ပြုန်းတီးမှုနဲ့ စခန်းဆုံးရှုံးမှု၊ ဘဏ္ဍာရေးရှာဖွေရေးနဲ့ ထောက်ပံ့မှု၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်၊ တော်လှန်ရေးလိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေ၊ ရှေ့လုပ်ငန်းစဉ်နဲ့ ရှေ့အလားအလာ စတာတွေကို အပိုင်းလိုက် ဖော်ပြထားပါတယ်။

၂၀၂၅အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်မှူးကြီးများ အစည်းအဝေးကျင်းပပြီးမဟာဗျူဟာမြောက် ရည်မှန်းချက်ဘတွေနဲ့လမ်းစဉ်တွေကိုကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး ဝန်ကြီးဌာနက အမျိုးသားကာကွယ်ရေးမဟာဗျူဟာ ကို အတည်ပြုချမှတ်ခဲ့သလိုနှစ်သစ်မှာလည်းတပ်မှူးကြီးတွေ အစည်းအဝေး ဆက်ကျင်းပပြီး စစ်အနိုင်တိုက်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ်လို့ ရှေ့လုပ်ငန်းစဉ်နဲ့ ရှေ့အလားအလာ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

“နိုင်ငံရေးနှင့် စစ်ရေး အခင်းအကျင်း ပြောင်းလဲမှုများအကြား ပြည်သူ့ကာကွယ်ရေးတပ်မတော် ကို ပိုမိုခိုင်မာ အားကောင်းလာစေရန် တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်း အရင်းအမြစ် စုဆောင်းရေး လုပ်ငန်းများကိုလည်း ယခင်နှစ်ထက် ပိုမိုအားစိုက်ထမ်းဆောင်သွားမည်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

နှစ်သစ်မှာ မိမိအခြေအနေနဲ့ ရန်သူ့အခြေအနေကို သေချာစွာချိန်ဆပြီး မဟာဗျူဟာနဲ့အညီ မျှော်မှန်းထားတဲ့ တော်လှန်ရေးအရွေ့ကို အစီအစဉ်တကျ ဖန်တီးဖော်ဆောင်ဖို့ရည်မှန်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူသို့ အစီရင်ခံထားပါတယ်။

“စစ်ကာလ နိုင်ငံရေးသည် စစ်အောင်နိုင်ရေးပင် ဖြစ်သည်ဟု ယုံကြည်သည်နှင့်အညီ နိုင်ငံရေးနှင့်စစ်ဗျူဟာများ မှန်ကန်စေရန် ကြိုးပမ်းလျက် မဟာမိတ်များနှင့်အတူမဟာဗျူဟာမြောက် စည်းစည်းညီညွတ်မှုကို တည်ဆောက်သွားမည်ဖြစ်ပါသည်” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မဟာဗျူဟာ ထိုးစစ်အဆင့် တက်လှမ်းနိုင်ရေး ဆက်လက်အားစိုက်သွားမယ်လို့ အသိပေးပြီးဒေသအလိုက် လွတ်မြောက်မှုမှသည် တပြည်လုံး လွတ်မြောက်တဲ့အထိ မဆုတ်မနစ် ကြိုးပမ်းသွားမယ်လို့ အစီရင်ခံထားပါတယ်။

ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာတော်လှန်ရေး လိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေ ကို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ ခဲယမ်းမီးကျောက်ရှာဖွေရရှိမှု လျော့တာ၊ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ ရဲဘော်တွေ အနားမရတာ စတာတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်တယ်လို့ အသိပေးပါတယ်။

ခဲယမ်းအကန့်အသတ်တွေကြောင့် အချို့ စစ်ဆင်ရေးစီမံချက်တွေကို အစီအစဉ်အတိုင်း အကောင်အထည်မဖော်နိုင်ခဲ့သလို အချို့မြို့တွေကနေ ခွာစစ်ဆင်ခဲ့ရကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင် တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ အဲဒီ နယ်မြေတွေကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ တပ်တွေကို ပိုမိုဆန့်ထုတ်တပ်ဖန့်ထားရတာကလည်း တော်လှန်ရေး အဖွဲ့တွေ လတ်တလော ကြုံနေရတဲ့ စိန်ခေါ်မှု တခုဖြစ်ကြောင်း အစီရင်ခံစာမှာပါရှိပါတယ်။

နယ်မြေစိုးမိုးထိန်းချုပ်မှု အခြေအနေကို ဖော်ပြထားရာ ၂၀၂၅ ဒီဇင်ဘာလကုန်အထိ PDF တွေနဲပ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း၃၇ မြိုကနယ်ကို အပြည့်အ၀ သိမ်းပိုက်ထားတဲ့အပြင် မြို့နယ်ပေါင်း ၄၁ မြို့နယ်မှာလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။

စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတို့ကို စိုးမိုးထိန်းချုပ်နိုင်ရေး အရှိန်အဟုန်နဲ့ ဆောင်ရွက်နေသလို ကချင်၊ ရက္ခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ လမ်းကြောင်းတွေကို တော်လှန်ရေး အဖွဲ့တွေက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။

၂၀၂၅အတွင်း မန္တလးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာ၀တီတိုင်းတို့မှာ တော်လှန်ရေး စိုးမိုးထိန်းချုပ်တဲ့ နယ်မြေတွေ ပေါ်ထွန်းလာသလို အဲဒီ နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး ယန္တရား ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ထူထောင်မှုလည်း ပိုအားကောင်းလာကြောင်း အသိပေးပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်ကို ဖော်ပြထားရာ ပြီးခဲ့တဲ့ တနှစ်အတွင်း ဗိုလ်မှူး ၂ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃၆ ဦး စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရန်သူ့ အင်အားပြုန်းတီးမှုနဲ့ စခန်းဆုံးရှုံးမှု မှာ ၂၀၂၅ တနှစ်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့ အသီးသီးနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ၇၁၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူ ၅၇၀၀နီးပါး၊ ဒဏ်ရာရသူ ၂၇၀၀ ကျော်၊ စစ်သုံ့ပမ်း ၁၁၂၄ဦး ရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ပြုန်းတီးမှုဟာ င် ၉၅၀၀ ဦးရှိဟု အသိပေးထားပါတယ်။

PDF ရဲ့ ဖြစ်ပေါ်မှုကို ဖော်ပြထားရာ ၂၀၂၅ မှာ ရဲဘော်တွေအနေနဲ့ ပြောက်ကျားစစ် အဆင့်ကနေ ရက်ရှည် တိုက်ပွဲဝင်ရတဲ့ စခန်းသိမ်း မြို့သိမ်း တိုက်ပွဲတွေအထိစစ်ရေး စွမ်းရည်မြင့်လာကြောင်း ဖော်ပြပါတယ်။

နှစ်ချီ တိုက်ပွဲဝင်ရတဲ့ ကချင်ဒေသတိုက်ပွဲတွေ ရှမ်းမန်းစစ်ဆင်ရေး ထိုးစစ် အတွေ့အကြုံတွေကို ဥပမာပေးပါတယ်။ ရက္ခိုင်ထိုးစစ်အဟုန်နဲ့အတူ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ၀တီတိုင်းတွေမှာ စစ်မျက်နှာ သစ်တွေ ဖွင့်လှစ်နိုင်ခဲ့ကြောင်း အသိပေးပြး အဲဒီဒေသနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှု အားပိုကောင်းလာကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဧရာတဝီတိုင်းမှာလည်း ခုခံတော်လှန်စစ်ရဲ့ အရှိန်မြှင့်လာကြောင်း အစီရင်ခံထားပါတယ်။

၂၀၂၅ မှာ တောင်ပိုင်း PDF ရဲဘော်တွေရဲ့ ခမရ(၅၉၈)တပ်ဌာနချုပ် သိမ်းပိုက်မှု၊ စစ်ကောင်စီ စိုးမိုးမှု အားကောင်းတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်အတွင်း ထိုးဖောက်ဝင်ရောက်ကာ စဉ့်ကူး၊ သပိတ်ကျင်းမြို့တွေကို ကာလတခုအထိ သိမ်းပိုက်နိုင်ခဲ့မှု၊ အဲဒီမှာ ပြင်းထန်တဲ့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကို စွမ်းစွမ်းတမံ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့မှု တွေကို အသိပေးထားပါတယ်။

မြို့ပြ ပြောက်ကျား စစ်ဆင်ရေး အနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ တောင်သူ စတဲ့ မြို့တွေက ရန်သူ့တိုင်းစစ်ဌာန တွေ လေတပ်စခန်းတွေ အရေးပါတဲ့ တပ်ရင်းစခန်းတွေကို ပြောက်ကျားစနစ်နဲ့ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးပါတယ်။

တော်လှန်ရေးကာလအတွင်း ကျဆုံး၊ထိခိုက်ရဲဘော်တွေကို ဦးညွှတ်ဂုဏ်ပြုငွေတွေ ပေးအပ်တာရှိသလို ကျန်ရစ်သူ မိသားစုတွေကို လတ်တလောကူညီပံ့ပိုးတာတွေ လုပ်ဖို့ အစီအမံ ရေးဆွဲနေကြောင်း အသိပေးပါတယယ်။

ဒါ့အပြင် တော်လှန်ရေးအောင်မြင်ပြီးဆုံးချိန်မှာ ကျဆုံးထိခိုက် ရဲဘော်တွေနဲ့မိသားစုဝင်တွေ ခံစားရမယ့် အထူးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး မူဝါဒ ချမှတ်တာ၊ ဥပဒေကြမ်းရေးတာကို ဦးစားပေး တာဝန်အဖြစ် ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

ဘဏ္ဍာငွေ ရှာဖွေရေးနဲ့ ထောက်ပံ့မှု အခြေအနေကိုလည်းဖော်ပြထားရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေအားလုံး လုံလောက်စွာ ထောက်ပံ့နိုင်ရေး ဦးတည်ဆောင်ရွက်နေသလို တပ်ရင်းတပ်ဖွဲ့တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့အစီအမံ သစ်တွေ ဆောင်ရွက်မှာဖြစ်ကြောင်း အသိပေးပါတယ်။

တပ်ရင်းထောက်ပံ့မှုတွေ တနှစ်ထက်တနှစ်တိုးလာပြီး ၂၀၂၅မှာတပ်ရင်း တွေကို ကျပ်သိန်းပေါင်း၃သိန်း ၃သောင်း ၆ထောင်ကျော်အထိ တိုးမြှင့်ထောက်ပံ့နိုင်ခဲ့ကြောင်းဖော်ပြပါတယ်။

၂၀၂၄မှာ ကျပ်သိန်းပေါင်း ၃သိန်း ၂သောင်း ၉ထောင် ထောက်ပံ့နိုင်ခဲ့သလို ၂၀၂၃ မှာ ကျပ်သိန်းပေါင်း ၂သိန်းခွဲ ထောက်ပံ့ခဲ့ကြောင်း ရှင်းပြထားပါတယ်။

ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ပြည်သူ့နွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုကို အသိပေးထားရာ ၂၀၂၅ အတွင်း PDF တပ်မတော်ရဲ့ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ တခုတည်းသောကွပ်ကဲမှု ကို တနိုင်ငံလုံး အတိုင်းအတာခိုင်မာစွာ ထူထောင်နိုင်ခဲ့တာဖြစ်ကြောင်း အသိပေးပါတယ်။

အရင် အမှတ်(၁)စစ်ဒေသ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသ ဆိုပြီး စစ်ဒေသ(၃)ခုနဲ့ စုဖွဲ့ပြီး မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေး ကွပ်ကဲမှုနဲ့ ဆောင်ရွက်ခဲ့တဲ့ ကွပ်ကဲမှုပုံစံအစား အမှတ်(၁) စစ်ဒေသ အောက်က စစ်ကိုင်းတိုင်း အောက်ပိုင်းခရိုင် ၅ခရိုင်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့ကိုPDF စစ်ရုံးချုပ်က လွှဲပြောင်းရယူပြီး အုပ်ချုပ်ထောက်ပံ့မှုနဲ့အတူ စစ်ဆင်ရေးကွပ်ကဲမှုကိုပါ ကောင်းစွာလည်ပတ်နိုင်ခဲ့ကြောင်း အစီရင်ခံထားပါတယ်။

PDF စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲတဲ့ တိုင်းစစ်ဌာနတွေအဖြစ် ပြင်ဆင်စုဖွဲ့ ကွပ်ကဲမှု ရယူခဲ့ရာ တိုင်းစစ်ဌာန ၁၀ခု၊ တပ်မ ၁ခု၊ တပ်ရင်းပေါင်း ၃၆၀ ရင်းကိုတခုတည်းသောကွပ်ကဲမှု အောက်မှာ ထားရှိခဲ့သလို ပြည်သူကာကွယ်ရေး အဖွဲ့(ပကဖ) ရုံးချုပ် ဖွဲ့စည်းပြီး ပြည်သူ့ရေးကာကိစ္စတွေကို ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း စစ်ဘက်ရေးရာ ကိစ္စတွေကို PDF စစ်ရုံးချုပ်ကလည်ေးကာင်း စီမံကွပ်ကဲနေကြောင်း ဖော်ပြထားပါတယ်။

တိုင်းပကဖ ၁၁ဖွဲ့၊ ခရိုင် ပကဖ ၅၄ဖွဲ့၊ မြို့နယ် ပကဖ ၂၁၂ ဖွဲ့ စုစုပေါင်း ၂၇၇ဖွဲ့ ကွပ်ကဲမှု ရယူထားပြီး PDFနဲ့ ပကဖတွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို ကွပ်ကဲမှု တခုတည်းအောက်မှာ ဆောင်ရွက်နိုင်ဖို့ စနစ်တကျဖွဲ့စည်းမှုတွေလုပ်ဆောင်ထားကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ