Connect with us

Hi, what are you looking for?

News

ညောင်တုန်းမြို့တွင်စစ်​ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

“ညနေ ၆ နာရီလောက်က ပစ်သွားတာ။ မင်းသူတော့ သေတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ညောင်တုန်းမြို့မှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့(ဒီဇင်ဘာ ၄ရက်) ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ အမှတ်(၇) ရပ်ကွက် ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းသူကိုအမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟုကနဦးသတင်းရရှိသည်။

“ညနေ ၆ နာရီလောက်က ပစ်သွားတာ။ မင်းသူတော့ သေတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ညောင်တုန်းမြို့သည် လှိုင်သာယာ၊ ထန်းတစ်ပင်မြို့တို့နှင့်ထိစပ်နေသည့် ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်အောင်သုတ်သင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

Facebook