Connect with us

Hi, what are you looking for?

LuduNwayOo

News

ညောင်တုန်းမြို့တွင်စစ်​ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

“ညနေ ၆ နာရီလောက်က ပစ်သွားတာ။ မင်းသူတော့ သေတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ညောင်တုန်းမြို့မှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့(ဒီဇင်ဘာ ၄ရက်) ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ အမှတ်(၇) ရပ်ကွက် ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းသူကိုအမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟုကနဦးသတင်းရရှိသည်။

“ညနေ ၆ နာရီလောက်က ပစ်သွားတာ။ မင်းသူတော့ သေတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ညောင်တုန်းမြို့သည် လှိုင်သာယာ၊ ထန်းတစ်ပင်မြို့တို့နှင့်ထိစပ်နေသည့် ဒေသဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်အောင်သုတ်သင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။