Connect with us

Hi, what are you looking for?

သတင်း

KNLA တပ်ရင်း(၈)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦးထပ်မံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ၊ မုန်း(မူး)မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) တပ်မဟာ (၃)၊ တပ်ရင်း(၈)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦး ထပ်မံအလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားသစ် ၃ဦး။ ဓာတ်ပုံ - KNU

ဇန်နဝါရီ-၃၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ၊ မုန်း(မူး)မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) တပ်မဟာ (၃)၊ တပ်ရင်း(၈)ထံ စစ်ကောင်စီတပ်သားသစ် ၃ဦး ထပ်မံအလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂ရက်မှာ စစ်ကောင်စီရဲ့ ခမရ(၅၉၉)တပ်ရင်းက အသက်(၁၉) နှစ် ၊(၂၀)နှစ်နဲ့ အသက်(၂၆)နှစ်အရွယ် တပ်သား ၃ဦး လက်နက်ချ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူတွေ လက်နက်ခဲယမ်း ပါမပါ ဖော်ပြမထားပေမယ့် သူတို့ သုံးဦးစလုံးဟာ စစ်ကောင်စီ အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သားသစ်တွေ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၉ရက်ကလည်း စစ်ကောင်စီရဲ့ ခမရ(၅၉၉) တပ်ရင်းက အသက်(၁၇)နှစ်အရွယ် အသက်မပြည့်သေးသူ အပါအဝင် စစ်ကောင်စီ အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၅ဦး KNLA တပ်ရင်း(၈) ဆီကို ဘက်ပြောင်းခိုလှုံခဲ့ပါသေးတယ်။

ဒါ့အပြင်ဒီဇင်ဘာတတိယပတ်အတွင်းကလည်းစစ်ကောင်စီရဲ့ ခလရ (၇၅)၊ ခလရ(၃၀)နဲ့ ခမရ(၄၃၉) တပ်ရင်းတွေက စစ်ကောင်စီတပ်သား ၈ဦး KNLA တပ်ရင်း (၈)ဆီကို အလင်းဝင်ခဲ့တာကြောင့် နှစ်ပတ်ကျော် သုံးပတ်နီးပါးအတွင်း တပ်ရင်း(၈)ဆီကို ဘက်ပြောင်းခိုလှုံအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၆ဦးရှိပြီဖြစ်ပါတယ်။

အဲဒီ တပ်သား ၁၆ ဦးလုံးဟာ စစ်ကောင်စီ အဓမ္မ စစ်သားစုဆောင်းထားတဲ့ သူတွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲတွေဆီ ဆက်သွယ် ဘက်ပြောင်းခိုလှုကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ