ဇန်နဝါရီ-၄၊၂၀၂၆။အိမ်သွင်/People’s Spring
ဆားလင်းကြီးမြို့နယ်က တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ ဆရာဝန်တစ်ဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်က မတောင်းတတိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၄ ရက်နေ့မွန်းလွဲ၂ နာရီခန့်မှာစစ်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပါတယ်။
“ဆရာဝန်တစ်ဦး နဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ အပြင်ကအရပ်သားတဦးသေဆုံးသွားတာပါ။ တော်တော်လေး ရက်စက်တဲ့လုပ်ရပ်ဖြစ်လို့ ပြောစရာစကားတောင်မရှိဘူး”လို့ ဆားလင်းကြီးမြို့နယ် ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
သေဆုံးသူ သုံးဦးထဲမှာ ဒေါက်တာအောင်သဲထွဋ်နဲ့ သူအဖိုးဖြစ်သူပါဝင်ပြီး ကျန်တစ်ဦးနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးပါဘူး။ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ် မြို့နယ်အများအပြားကို လေကြောင်းကနေတိုက်ခိုက်တာမှာ ဆေးရုံတွေကိုလည်းပစ်မှတ်ထားပြီး ဗုံးကြဲနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ၁၀ရက်နေ့က ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းကနေပေါင်း ၅၀၀ ဗုံးကြဲလို့ ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရခဲ့ပါတယ်။ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှုံ့ချထားသလိုအာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ်ထုတ်ပြန်ထားပါတယ်။
စစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အမေရိကန်ကလည်း လွတ်လပ်ရေးအထိမ်းအမှတ်ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။


















































