Connect with us

Hi, what are you looking for?

သတင်း

အနား​ပေးခံရတဲ့ ​လေတပ်​​​​​ဗိုလ်ချုပ်ကြီးကိုစစ်​ကောင်စီက တရုတ်သံအမတ်ကြီးခန့်

စစ်ဦးစီးအရာရှိချုပ်(လေ)အဖြစ်ကနေ အနားပေးခံထားရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကသံအမတ်ကြီးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ဟာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်လာပါတယ်။

စစ်ဦးစီးအရာရှိချုပ်(လေ)မှ အနားပေးခံရပြီးလပိုင်းအတွင်း တရုတ်သံအမတ်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်။ဓါတ်ပုံ-စစ်​ကောင်စီ

ဇန်နဝါရီ-၆၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ဦးစီးအရာရှိချုပ်(လေ)အဖြစ်ကနေ အနားပေးခံထားရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကသံအမတ်ကြီးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ဟာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်လာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို၂၀၂၅ နိုဝင်ဘာလမှာ စစ်​ကောင်စီက ရာထူးကနေအနားပေးပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာသံအမတ်ကြီးအဖြစ် တာဝန်ပေးပြီးနောက် နှစ်လခန့်အကြာမှာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်လာတာပါ။

တရုတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရတဲ့သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီလ်ို့ စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီလ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ဟာတိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့ ပိုင်းလော့တွေ ပင်ပန်းနေပြီး ‌အကြိမ်ရေလျှော့ ပျံသန်းဖို့တင်ပြခဲ့လို့ အာဏာသိမ်းစစ်​ခေါင်း​ဆောင်​တွေစစ်က ရုတ်တရက် အနားပေးခဲ့တာလို့ သတင်းတွေထွက်ခဲ့ပါတယ်။ စစ်ဦးစီးအရာရှိချုပ်(လေ)အဖြစ်သူတာဝန်ထမ်း‌ဆောင်နေချိန်မှာ အရပ်သားပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

ကုလနဲ့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာလည်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ပါဝင်ပါတယ်။

လက်ရှိစစ်ဦးစီးအရာရှိချုပ်(လေ)ဟာဗိုလ်ချုပ်ထွန်းဝင်းဖြစ်ပြီး အရပ်သားပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်ကနေ ဒီဇင်ဘာလကုန်ထိ ​၄ နှစ်​ကျော်အတွင်းလေကြောင်းတိုက်ခိုက်မှု ၄၄၉၈ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ၄,၆၈၃၄ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း ရခိုင်နဲ့ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ကျူးလွန်နေပါတယ်။ လူထုကိုပစ်မှတ်ထားပြီးသတ်ဖြတ်နေတဲ့စစ်ရာဇဝတ်မှု သက်သေတွေစုဆောင်းနေပြီးနောင်တချိန်မှာပြစ်ဒဏ်ပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရကထုတ်ပြန်ထားပါတယ်။

စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတွင်းမှာလက်ရှိဖြစ်နေတဲ့ တော်လှန်ပုန်ကန်မှုကို နှိမ်နင်းရာမှာ လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးတွေကိုလေတပ်ကထိထိရောက်ရောက်ဆောင်ရွက်နေတယ်လို့ ချီးကျူးထားပါတယ်။

ဆက်စပ်သတင်းများ