Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်တွေက စစ်တစခန်းတွေကို PDF​တွေတပြိုင်တည်းတိုက်ခိုက်မှု စစ်သား ၄၀ ခန့်​သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်တွေမှာအထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) နဲ့ မဟာမိတ်ပူးပေါင်းတပ်​တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄၀ ခန့်သေဆုံးခဲ့တယ်လို့ PDF၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

PDF အမှတ်(၂)စစ်ဆင်​ရေးနယ်​​မြေမှတပ်ဖွဲ့များကစခန်းသိမ်းတိုက်ပွဲတစ်ခုမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ (ပုံ​​ဟောင်း) / ဇန်နဝါရီ ၇ ရက်စစ်ဆင်​ရေးတစ်​နေရာမှ အ​ဆောက်အအုံမီး​လောင်ပြီးမီးခိုး​တွေထွက်​နေစဥ်/ PDF ​တွေကိုလက်နက်နဲ့ကျည်ကာတပ်ဆင်​ပေးစဥ်။ ။ဓါတ်ပုံ-PDF၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ

■စစ်ရှိန်မြှင့်ဖို့ ရှိလို့ စစ်တပ်စခန်းအနီးမသွားဖို့စစ်ရေးသတိရှိဖို့ သတိပေး

ဇန်နဝါရီ-၈၊၂၀၂၆။​ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်တွေမှာအထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) နဲ့ မဟာမိတ်ပူးပေါင်းတပ်​တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄၀ ခန့်သေဆုံးခဲ့တယ်လို့ PDF၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

ဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ၊ဒရုန်းတပ်ဖွဲ့တွေနဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဇန်နဝါရီ ၇ရက်မနက်မှာ နတ်တလင်းက တောင်ညိုမြို့သစ်ရဲစခန်း၊ ဇီးကုန်းမြို့နယ်ကဘော်ဘင်ဆည်၊မြီးကောက်ပင်ရွာပျူစောထီးစခန်း၊ မင်းလှမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်-ပြည်အမြန်လမ်းပိုင်းကစစ်ကွင်းတာဆုံရဲကင်းစခန်း နဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့စစ် တပ်စခန်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တောင်ညိုမြို့သစ်ရဲစခန်းတိုက်ခိုက်မှုမှာစစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာအများအပြား ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးကိုPDF ဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိ ဗျူဟာရုံးတပ်ဖွဲ့၊အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆)၊ ဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၂) နဲ့ ရန်ကုန်ပကဖ တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာပါ။

မြီးကောက်ပင်ရွာပျူစောထီးစခန်း တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ၉ဦးခန့် သေဆုံးခဲ့ကြောင်း အသိပေးထားပါတယ်။ အဲဒီ စစ်ဆင်ရေးကိုဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိ (၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၅)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၁)၊ သာယာဝတီခရိုင် ပကဖ၊ ဇီးကုန်း ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

ရန်ကုန် – ပြည် အမြန်လမ်းရှိ၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်းနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့စစ်ကောင်စီ စခန်းကို တိုက်ခိုက်ရာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးကိုဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၈၀၃) တပ်ရင်း၊ Alpha စစ်ကြောင်း၊ Bravo စစ်ကြောင်း၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် (ပကဖ) ရွှေတန်းမြေတပ်ဖွဲ့ (၁၊၂)၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တပ်ရင်း(၃)၊ Spring Bees UAV Force၊ MDF UAV Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

တပြိုင်တည်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

တိုက်ပွဲအတွင်းလက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်း သိမ်းရ၊မရ အခြေအနေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေနဲ့ ပဲခူးတိုင်း စစ်ဌာနတို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဗျူဟာ ၂၂ တာဝန်ရှိသူတဦးကတော့ လက်ရှိ ဗျူဟာ (၂၂)ရဲ့ စစ်ဆင်ရေးနယ်မြေတွေအတော်များများမှာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်ပြောပါတယ်။

ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း စစ်ဆင်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ စစ်‌‌တပ်စခန်းတွေအနီး မလိုအပ်ဘဲ သွားရောက်တာ မလုပ်ဖို့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ ပဲခူးတိုင်း စစ်ဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ