Connect with us

Hi, what are you looking for?

News

ဒလန်ဆိုသူနှစ်ဦးကို ကြို့ပင်ကောက် PDF ပစ်သတ်

ပစ်ခတ်ရှင်းလင်းရာတွင် စိုးဝင်း(ခ)ဘိုစိုးနှင့် မဌေးမြင့်တို့နေထိုင်ရာ အရက်ဆိုင်အတွင်းဝင်ရောက်၍ စိုးဝင်း(ခ) ဘိုးစိုးအား သေနတ်သုံးချက် မဌေးမြင့်အား သေနတ်ဖြင့် ငါးချက် အသီးသီးပစ်ခတ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

သတင်းပေးဒလန်ဆိုသူနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GBK-PDF) က ယမန်နေ့(ဒီဇင်ဘာ ၅)ညပိုင်းတွင် ထုတ်ပြန်သည်။

ကြို့ပင်ကောက်မြို့နယ် ကျီစူကျေးရွာနေ စစ်ကောင်စီ​ထောက်တိုင် သတင်းပေးဒလန်လင်မယားဖြစ်သည့် စိုးဝင်း(ခ)ဘိုစိုးနှင့် ၎င်း၏ဇနီး မဌေးမြင့်တို့ကို မိမိတို့အဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သည်ဟု GBK-PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းရာတွင် စိုးဝင်း(ခ)ဘိုစိုးနှင့် မဌေးမြင့်တို့နေထိုင်ရာ အရက်ဆိုင်အတွင်းဝင်ရောက်၍ စိုးဝင်း(ခ) ဘိုးစိုးအား သေနတ်သုံးချက် မဌေးမြင့်အား သေနတ်ဖြင့် ငါးချက် အသီးသီးပစ်ခတ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သုတ်သင်ရှင်းလင်းခံရသည့် လင်မယားနှစ်ဦးသည် စစ်ကောင်စီတပ်များအား ကျေးရွာသို့သတင်းပေးခေါ်ဆောင်ခြင်း၊ ရွာခံအချို့အား စစ်ကောင်စီမှ မတရားဖမ်းဆီးရာတွင် ပါဝင်ကူညီခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သတင်း​​ပေးဒလန်ဆိုသူနှစ်ဦး သုတ်သင်ခံရသည့် ကျီစုကျေးရွာသည် ကြို့ပင်ကောက်မြို့၏အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။