Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒလန်ဆိုသူနှစ်ဦးကို ကြို့ပင်ကောက် PDF ပစ်သတ်

ပစ်ခတ်ရှင်းလင်းရာတွင် စိုးဝင်း(ခ)ဘိုစိုးနှင့် မဌေးမြင့်တို့နေထိုင်ရာ အရက်ဆိုင်အတွင်းဝင်ရောက်၍ စိုးဝင်း(ခ) ဘိုးစိုးအား သေနတ်သုံးချက် မဌေးမြင့်အား သေနတ်ဖြင့် ငါးချက် အသီးသီးပစ်ခတ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

သတင်းပေးဒလန်ဆိုသူနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GBK-PDF) က ယမန်နေ့(ဒီဇင်ဘာ ၅)ညပိုင်းတွင် ထုတ်ပြန်သည်။

ကြို့ပင်ကောက်မြို့နယ် ကျီစူကျေးရွာနေ စစ်ကောင်စီ​ထောက်တိုင် သတင်းပေးဒလန်လင်မယားဖြစ်သည့် စိုးဝင်း(ခ)ဘိုစိုးနှင့် ၎င်း၏ဇနီး မဌေးမြင့်တို့ကို မိမိတို့အဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သည်ဟု GBK-PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းရာတွင် စိုးဝင်း(ခ)ဘိုစိုးနှင့် မဌေးမြင့်တို့နေထိုင်ရာ အရက်ဆိုင်အတွင်းဝင်ရောက်၍ စိုးဝင်း(ခ) ဘိုးစိုးအား သေနတ်သုံးချက် မဌေးမြင့်အား သေနတ်ဖြင့် ငါးချက် အသီးသီးပစ်ခတ်စီရင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သုတ်သင်ရှင်းလင်းခံရသည့် လင်မယားနှစ်ဦးသည် စစ်ကောင်စီတပ်များအား ကျေးရွာသို့သတင်းပေးခေါ်ဆောင်ခြင်း၊ ရွာခံအချို့အား စစ်ကောင်စီမှ မတရားဖမ်းဆီးရာတွင် ပါဝင်ကူညီခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သတင်း​​ပေးဒလန်ဆိုသူနှစ်ဦး သုတ်သင်ခံရသည့် ကျီစုကျေးရွာသည် ကြို့ပင်ကောက်မြို့၏အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။