Connect with us

Hi, what are you looking for?

သတင်း

ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစ်ရက် အရပ်သား ငါးဦးခန့်သေဆုံးခဲ့

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းစစ်ကောင်စီလေတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လုပ်ဆောင်ခဲ့ရာမှာပျမ်းမျှအားဖြင့် တစ်ရက်ကို အရပ်သား ငါးဦးခန့် သေဆုံးခဲ့ရတယ်လို့ CDM စစ်သားတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဇန်နဝါရီ – ၁၅ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းစစ်ကောင်စီလေတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လုပ်ဆောင်ခဲ့ရာမှာပျမ်းမျှအားဖြင့် တစ်ရက်ကို အရပ်သား ငါးဦးခန့် သေဆုံးခဲ့ရတယ်လို့ CDM စစ်သားတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒီဇင်ဘာလအတွင်းလေကြောင်းတိုက််ခိုက်မှုအကြိမ်ရေ ၁၁၉ ကြိမ် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းကိုအများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကာ မကွေး တိုင်းနဲ့ ရခိုင်ပြည်နယ်လည်းတိုက်ခိုက်ခံရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်သက်ကြီးရွယ်အိုနဲ့ကလေး သူငယ်တွေအပါအဝင် ၁၇၆ ဦးသေဆုံးပြီး ၃၂၅ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MDSI က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံး ၊ထိခိုက်ဒဏ်ရာသူ ဦးရေဟာ နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုခံရတဲ့ဒေသတွေမှာ စစ်ကိုင်း ၊မကွေး ၊ ရခိုင် ၊ မန္တလေး၊ ဧရာဝတီ ၊ ကချင် ၊ ရှမ်း ၊ ကရင်နီ(ကယား) နဲ့ ကရင် ပြည်နယ်တို့လည်း ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ကတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိသူအများဆုံးဒေသတွေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ရေ ၅၀ရှိခဲ့ပြီး ဒီပဲယင်း ၊ ခင်ဦး ၊ဝက်လက် ၊ ယင်းမာပင် ၊ရွှေဘို နဲ့ ရေဦးမြို့နယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။

ဒုတိယအများဆုံး လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသက မကွေးတိုင်းဖြစ်ပြီး ပေါက် ၊စလင်း နဲ့မြိုင်မြို့နယ်တွေ တိုက်ခိုက်ခံရပါတယ်။

ရခိုင်ပြည်နယ်ကတော့ တတိယ မြောက်ဒေသဖြစ်ပြီး မြောက်ဦး၊ သံတွဲ ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်း ထဲက နတ်တလင်း ၊ ဖြူး နဲ့ကျောက်ကြီးမြို့နယ်တို့မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းကို ပိုမိုအသုံးပြုလာတယ်လို့ MDSI ကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကိုနေ့အချိန်မှာအများဆုံးလုပ်ဆောင်တာဖြစ်ပြီး ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၇၂ရာခိုင်နှုန်းက နေ့အချိန်မှာတိုက်ခိုက်ခံရတာပါ။

လေကြောင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်ကိုအများဆုံးအသုံးပြုတိုက်ခိုက်တာဖြစ်ပြီးမြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်း တိုင်း နဲ့ မကွေးတိုင်းမှာတော့ ပါရာမော်တာ ( Paramotro ) ၊ ဂျိုင်ရိုကော်ပတာ (Gyrocopter ) တွေကို သုံးခဲ့သလို ပဲခူးတိုင်းမှာလည်း အသုံးချလာတယ်လို့ MDSI ရဲ့ဖော်ပြချက်အရသိရပါတယ်။

စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း ၊ စစ်ရှောင်စခန်း ၊ ဆေးရုံတွေ အပြင် ရွှေလုပ်ကွက် တွေ နဲ့ ရေနံမှော်တွေကိုလည်း လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရတယ် MDSI ရဲ့ ဖော်ပြချက်မှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် က ဝေါ်လေမြို့အနီးရှိ ဗျုဟာစခန်းကုန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူနေ့စဉ်နီးပါးပေးနေရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီကနေ့(ဇန်နဝါရီ ၂၈ရက်) မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ဒီက​နေ့ လေ ကြောင်းက​နေဗုံးကြဲလို့ ထရန်စ​​ဖော်မာ ၃ လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။