Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ် အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ၉ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

ဖေဖော်ဝါရီ-၂၄၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီဝန်းကျင်က မြင်းမူမြို့ရဲ့အရှေ့မြောက်အရပ်
မှာရှိတဲ့ ရွှေကျောင်းကန်ကျေးရွာကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေတက်လာတဲ့ စက်တပ်လေထီး၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၄ဦး၊ အမျိုးသမီး ၃ဦးနဲ့ ကလေး ၂ဦး စုစုပေါင်း ပြည်သူ ၉ဦး သေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အခြားပြည်သူ ၅ ဦးလည်းဒဏ်ရာရပြီး နွား ၂ကောင်လည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“ထိခိုက်ဒဏ်ရာရ ၅ဦးအခြေအနေက ထိခိုက် ဒဏ်ရာရ သတ်မှတ်နှုန်းထားအရ ၅၀ရာခိုင်နှုန်း ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းပါ။”လို့
မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြင်းမူမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတင်မကဘဲ မြေပြင်စစ်ကြောင်းထိုးကာ အစုလိုက်အပြုံလိုက်
သတ်ဖြတ်မှု၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေ ကြုံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook