Connect with us

Hi, what are you looking for?

သတင်း

မြဝတီတောင်ဘက် ဖလူးရွာအနီး စစ်ကောင်စီ လေကြောင်းကနေ လေးကြိမ်ဗုံးကြဲ

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီကနေ့(ဇန်နဝါရီ ၂၈ရက်) မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

(မင်းလက်ပံကျေးရွာအဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇန်နဝါရီ-၂၈၊ ၂၀၂၆။ ဒလပန်း/People’s Spring

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီကနေ့(ဇန်နဝါရီ ၂၈ရက်) မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေးကေ့ကော်ဒေသအနီး ရသေ့ဂူဘက်ကလည်း စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။

“မနက်အစောပိုင်းထဲက စစ်ကြောင်းတိုးနေတာ။ လက်နက်ကြီးတွေကလည်း ၁၂၀ တွေပစ်နေတာ၊လေယာဉ်ကတော့ လေးကြိမ်ရှိပြီကြဲတာ ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ မြဝတီမြို့တောင်ဘက် လက်လွတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်သေးပါဘူး။

မင်းလက်ပံကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။