Connect with us

Hi, what are you looking for?

သတင်း

ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတ လက်ခံတွေ့ဆုံပြီးနောက် စစ်ကောင်စီက သံရုံးယာယီတာဝန်ခံ ခေါ်တွေ့

ရန်ကုန်မြို့ကအရှေ့တီမောသံရုံး ယာယီတာဝန်ခံကို အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ခေါ်ယူတွေ့ဆုံပြီး တီမောအစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ကိစ္စရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဒီကနေ့ ဖော်ပြပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ(CHRO) ကိုယ်စားလှယ်တွေကို တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာက က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ရက်က လက်ခံတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - CHRO

ဇန်နဝါရီ-၁၇၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ရန်ကုန်မြို့ကအရှေ့တီမောသံရုံး ယာယီတာဝန်ခံကို အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ခေါ်ယူတွေ့ဆုံပြီး တီမောအစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ကိစ္စရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဒီကနေ့ ဖော်ပြပါတယ်။

တီမောနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကိုတိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ(CHRO) ကိုယ်စားလှယ်တွေကို တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာက က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ရက်က လက်ခံတွေ့ဆုံခဲ့မှုအပြီး စစ်ကောင်စီဘက်က ဇန်နဝါရီ ၁၆ရက်မှာ သံရုံးယာယီတာဝန်ခံကို အခုလို ခေါ်ယူ သတိပေးတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သတိပေးချက်မှာ တီမောလက်စ်တေအစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲ့တွေနဲ့ ထိတွေဆက်ဆံတဲ့ ကိစ္စရပ်ကိုကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် ဦးဆောင်တဲ့ အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းဖို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ရက်မှာ တိုင်ကြားစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တီမောသမ္မတနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ရှင်းလင်းတင်ပြခဲ့သလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြောင်း အသိပေးခဲ့တယ်လို CHROက ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ခရစ်ယာဘာသာရေးဆရာတွေ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ ဆေးရုံနဲ့ ခရစ်ယာဉ်ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်တာ၊ မီးရှိတာ စတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ပြထားကြောင်း CRHOက အသိပေးထားပါတယ်။

အဲဒီ တွေ့ဆုံမှုကို တီမောအစိုးရဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး ချင်းလူ့အခွင့်အရေးအဖွဲကို လက်ခံတွေ့ဆုံတာဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ခွဲခြမ်းစိတ်ဖိုနဲ့ တရားမျှတမှု၊ တာဝန်ခံမှုတိုကို မြှင့်တင်ဖို ရည်ရွယ်တယ်လို အသိပေးထားပါတယ်။

CRHO ရဲ့ တီမောနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ CHRO ထံဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...