Connect with us

Hi, what are you looking for?

သတင်း

မိန့်ခွန်းပြောနေရင်း ဒုတိယ ဝန်ကြီးချုပ်ကို ကင်မ်ဂျုံအွန်း ထုတ်ပယ်

အရည်အချင်း မပြည့်မီဘူးလို့ စွပ်စွဲပြီး ဒုတိယ ဝန်ကြီးချုပ်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက မိန့်ခွန်းတစ်ခုပြောရင်း ထုတ်ပယ်ပစ်ခဲ့ကြောင်း သိရပါတယ်။

အရည်အချင်း မပြည့်မီဘူးလို့ စွပ်စွဲပြီး ဒုတိယ ဝန်ကြီးချုပ်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက မိန့်ခွန်းတစ်ခုပြောရင်း ထုတ်ပယ်ပစ်ခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် KCNAရဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ ဖော်ပြချက်မှာတော့ ကင်မ်ဟာ မဟာဗျူဟာ စက်မှုလုပ်ငန်း စက်ရုံသစ်တစ်ခု ဖွင့်လှစ်မှု အခမ်းအနား မိန့်ခွန်းထဲမှာ ရိုင်းစိုင်းတဲ့၊ အရည်အချင်း မပြည့်မီတဲ့၊ တာဝန်မဲ့တဲ့ အစိုးရ အရာရှိတွေကို အပြင်းအထန် ကြိမ်းမောင်းခဲ့တဲ့အပြင် ဒုတိယ ဝန်ကြီးချုပ် ယန်ဆွန်ဟိုကိုပါ ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

ဒါဟာ မြောက်ကိုရီးယား အစိုးရ အဖွဲ့ထဲမှာ အားနည်းညံ့ဖျင်းမှုတွေ ရှိနေပါတယ်ဆိုတဲ့ သဘောတရားမျိုးကို KCNAက ရှားရှားပါးပါး သွယ်ဝိုက်ဖော်ပြမှု တစ်ခုလည်း ဖြစ်လာပါတယ်။ ကာကွယ်ရေးနဲ့ မဟာဗျူဟာဆိုင်ရာ စက်ရုံတစ်ခု ဖွင့်လှစ်မှု အခမ်းအနား မိန့်ခွန်းမှာ အဓိပတိကြီး ကင်မ်က ရဲဘော် ဒုတိယ ဝန်ကြီးချုပ် အနေနဲ့ အရမ်း နောက်ကျမသွားခင် ကိုယ့်တာဝန် ကိုယ်ယူပြီး နုတ်ထွက်စေလိုကြောင်း၊ အခုအချိန်မှာ သူလုပ်နိုင်တာ အဲဒီတစ်ခုပဲရှိကြောင်း ထည့်ပြောသွားတယ်လို့ KCNAက ဆိုပါတယ်။

KCNAက ကင်မ်ရဲ့ မိန့်ခွန်းဟာ ယန်ကို နေရာမှာတင် ရာထူးကနေ ထုတ်ပယ်မှုဖြစ်တယ်လို့ သုံးနှုန်း ဖော်ပြသွားပါတယ်။ နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ၊ ဗဟိုကနေ တင်းကျပ်လွန်းတဲ့ ချုပ်ကိုင်မှုတွေကြောင့် စီးပွားရေးနဲ့ စားနပ်ရိက္ခာ ကျပ်တည်းမှုတွေကို ရင်ဆိုင် ရုန်းကန်နေရပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ဟာ စီမံခန့်ခွဲမှုနဲ့ စီးပွားရေး မူဝါဒ အလွဲတွေနဲ့ ပတ်သက်ပြီး ပျင်းရိနေတဲ့ အရာရှိတွေကို ဆူပူကြိမ်းမောင်းတာ၊ ဝေဖန်တာတွေ လုပ်ခဲ့ဖူးပေမယ့် အခုလိုမျိုး မိန့်ခွန်းပြောရင် ထိပ်တန်း အရာရှိ တစ်ယောက်ကို ထုတ်ပယ်တာမျိုးကတော့ ရှားပါးလွန်းတဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။

ယန်ဟာ တကယ့် တာဝန်ကြီးတွေကို ယုံယုံကြည်ကြည် အပ်နှင်းခံရလောက်အောင် မထိုက်တန်ဘူးလို့ ကင်မ်က အတိအလင်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။ သူ့ကို ဒီရာထူးမှာ ခန့်အပ်မိတာဟာ အစိုးရရဲ့ မတော်တဆ ကံဆိုးမှု အမှားတစ်ခုလို့တောင် ကင်မ်က ပြောကြားသွားပါတယ်။

ယန်ကို အခုလို သစ်စိမ်းချိုး ပုံစံမျိုးနဲ့ ထုတ်ပယ်ခဲ့ခြင်းဟာ ကင်မ် အာဏာရပြီး မကြာမီအတွင်း ဦးလေးတော်စပ်သူ ဂျန်ဆွန်သေ့ကို ကွပ်မျက်ခဲ့တဲ့ ခက်ထန်တဲ့ ဆုံးဖြတ်ချက်မျိုးကို အမှတ်ရစေပါတယ်။ ဂျန်ဟာ ဩဇာကြီးမားတဲ့ အစိုးရ အရာရှိတစ်ဦး ဖြစ်ခဲ့ပေမယ့် တူဖြစ်သူကို ဖယ်ရှားပြီး အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် လက်ဖြောင့်တပ်ဖွဲ့ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

ကိုရီးယားကျွန်းဆွယ်အရေး စောင့်ကြည့်သူတွေကတော့ ကင်မ်ဟာ အခုလိုမျိုး ခပ်ကြမ်းကြမ်း ကိုင်တွယ်အရေးယူမှုတွေကို ရံဖန်ရံခါ လုပ်ဆောင်ပြပြီး အစိုးရ အရာရှိတွေကို ခြောက်လှန့် သတိပေးတာကို မဟာဗျူဟာ နည်းလမ်းတစ်ခုအဖြစ် ကျင့်သုံးနေတာ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်ဖို့ တရုတ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ သဘောတူ ညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။