Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲသေနတ်ပစ်ခတ်သူက ဗိုလ်မှူးဒါဘောထံ

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောက ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ပါတယ်။

(လူငယ်ကို ထိုင်းရဲတပ်ဖွဲ့ထံဗိုလ်ဒါ​ဘောကအပ်နှံ စဥ် /ပစ်ခတ်မှုပြုလုပ်ခဲ့ပုံကိုသရုပ်ပြမှု လုပ်နေစဉ်။ ဓာတ်ပုံ - CJ)

အဖမ်းခံလို့ ထိုင်းရဲတပ်ဖွဲ့အပ်နှံ

ဇန်နဝါရီ-၂၂၊၂၀၂၆။DEE/People’s Spring

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောက ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ် နဂါးကြီး (ခ)နိုင်လင်းအောင်ဟာ ဇန်နဝါရီ ၂၀ရက်က မဲဆောက်မြို့ မယ်ကုရပ်ကွက် 7/11 စတိုးဆိုင် အနီးမှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောထံ သွားရောက်အဖမ်းခံခဲ့ရာ ဗိုလ်မှူးဒါဘောက ဒီကနေ့(ဇန်နဝါရီ၂၂ရက်)မှာ ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲ သေနတ်နဲ့ ပစ်ခတ်သူ နဂါးကြီးဟာ ယခင်က ကော်ဘရာစစ်ကြောင်းက PDF ရဲဘော်တစ်ဦးဖြစ်ပြီး PDFရဲဘော်အဖြစ်က နှုတ်ထွက်သွားတာဟာ ကြာပြီဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းနဲ့ နီးစပ်သူက ပြောပါတယ်။

“သူကထိုင်းရဲသေနတ်နဲ့ပစ်ပြီးတော့ပြေးစရာနေရာ မရှိဘူး ဖြစ်နေတယ် ထင်ပါတယ်။ အဲဒီမှာ ဗိုလ်ဒါဘောဆီ သွားအဖမ်းခံတာ။ ဗိုလ်ဒါဘောကလည်း KNUနဲ့ ထိုင်းနဲ့ဆက်ဆံပတ်သက်မှုတွေဆိုတော့ သွားအပ်ပေးတာ။ သူက အရင်က ဗိုလ်ဒါဘောဆီမှာ ထွက်သွားတာ ကြာပြီ။ တော်လှန်ရေးနဲ့ ဘာမှ

မပတ်သက်တော့ဘူး။ တချို့တွေက တော်လှန်ရေး ပုံဖျက်သလို ရေးနေတာ”လို့ ​ကော်ဘရာစစ်​ကြောင်းနဲ့နီးစပ်သူကပြောပါတယ်။

ထိုင်းရဲ သေနတ်နဲ့ ပစ်ခတ်သူ နဂါးကြီးကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖြစ်စဉ်သရုပ်ပြမှုတွေ လုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ရက်က နဂါးကြီးနဲ့ အဖော်ဖြစ်သူဟာ မဲဆောက်မြို့ မယ်ကုရပ်ကွက် 7/11စတိုးဆိုင် အနီးမှာ သေနတ်အရောင်းအဝယ်လုပ်နေစဉ် ကင်းလှည့်နေတဲ့ ထိုင်းရဲက မသင်္ကာလို့ စစ်မေးရန်ကြိုးပမ်းစဉ် နဂါးကြီးက ထိုင်းရဲကို သေနတ်နဲ့ ပစ် ထွက်ပြေးသွားတာပါ။

နဂါးကြီးနဲ့ ဆိုင်ကယ်မောင်းသူကို ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှာဘဲ ဖမ်းမိထားတာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။