ဇန်နဝါရီ-၂၃၊၂၀၂၆။မိထက်/People’s Spring
လာမယ့် ဇန်နဝါရီ၂၅ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ့် ကနီမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
မနေ့က ဇန်နဝါရီ ၂၂ရက် တရက်တည်းမှာ ဂျက်ဖိုက်တာနဲ့ လေးကြိမ်ဗုံးကြဲခဲ့သလို ပါရာမော်တာနဲ့လည်း ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။
” မြို့ဘေးက ရွာလေးရွာကို ပတ်ကြဲတာ။ တနေကုန်ပဲ လေယာဉ် တွေဝဲပြီး ကြဲတာာပါ။ဗုံးခိုကျင်းထဲမှာပဲ နေရတယ်။ ဒီန့လည်း လေယာဉ် ဝဲနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီက ယမန်နေ့မနက်ပိုင်းကနေ ည၇နာရီအတွင်း မုဌောနဲ့ စိန်ကုန်းကျေးရွာအပါအဝင် ကျေးရွားလေးရွာကို ဗုံးကြဲတာဖြစ်ပါတယ်။
စိန်ကုန်းကျေးရွာက နေအိမ်တစ်အိမ်ပေါ်ကို ကြဲတာမှာ မိသားစုဝင်လေးဦး ထိခိုက်ပြီး တစ်ဦးသေဆုံးသွားပါတယ်။ ကျန်တဲ့သုံးနေရာမှာတော့ လူထိခိုက်မှုမရှိပေမယ့် အိမ်အချို့ပျက်စီးခဲ့ခဲ့ပါတယ်။
ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တွေက ၂၀၂၄ မတ်လမှာ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။
၁၁ရက်ကြာတိုက်ပွဲအတွင်း မြို့ပေါ်ကိုထိန်းချုပ် နိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
ကနီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ဦးသေဆုံးပြီး ရုပ်အလောင်း ၁၁လောင်း ရရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ဦးလည်းကျဆုံးခဲ့ပါတယ်။
စစ်ကောင်စီက လာမယ့် ဇန်နဝါရီ၂၅ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်း (၃)မှာ စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပါဝင်နေပါတယ်။


















































