Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဧရာဝတီမြစ်ဘေးမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ ရှမ်းလေးကျွန်းရွာအနီးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို မနေ့ (ဇန်နဝါရီလ ၂၉ ရက်)မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေသိရပါတယ်။

ဇန်နဝါရီ – ၃၀ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ ရှမ်းလေးကျွန်းရွာအနီးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို မနေ့ (ဇန်နဝါရီလ ၂၉ ရက်)မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေသိရပါတယ်။

ကမ်းနားလမ်းဘေးမှာ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို တွေ့ရတာဖြစ်ပြီး မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားပါတယ်။

သေဆုံးသူဟာ အသက် ၂၅နှစ်အရွယ်ရှိပြီး ဦးခေါင်းနဲ့ ကျောပြင်ပိုင်းမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းတွေ့ရှိတဲ့နေရာဟာ ရှမ်းလေးကျွန်းမြို့ပြစီမံကိန်းဧရိယာ ၊ မန္တလေး-စစ်ကိုင်းလမ်းဘေးဖြစ်ပါတယ်။

အခုအချိန်ထိ သေဆုံးသူရဲ့ မိသားစုဝင်တွေက ဆက်သွယ်လာတာ မရှိသေးဘူးလို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကအသိပေးပါတယ်။

ဓာတ်ပုံ​ – ချမ်းမြေ့သုခအသင်း

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။