Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၇၀၀၀၀ ကျော်သေခဲ့ကြောင်း အစ္စရေးစစ်တပ် လက်ခံ

ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတာကို အစ္စရေးစစ်တပ်က ပထမဆုံးအကြိမ် သဘောတူ လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတာကို အစ္စရေးစစ်တပ်က ပထမဆုံးအကြိမ် သဘောတူ လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီး ၂ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ ဂါဇာစစ်ပွဲမှာ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၇၀၀၀၀ ကျော် သေဆုံးကြောင်း ဟားမားစ် ပြောက်ကျားတပ်တွေက ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေး စစ်တပ်ကတော့ အဲဒီ အရေအတွက်ကို သဘောမတူခဲ့ဘဲ ချဲ့ကားထားတဲ့ ကိန်းဂဏန်းသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာတော့ အစ္စရေး စစ်တပ်ဟာ ဟားမားစ်ရဲ့ ဝါဒဖြန့်မှုလို့ ကိုယ်တိုင် စွပ်စွဲခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး မှန်ကန်ကြောင်း ပထမဆုံးအကြိမ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ပျောက်ဆုံးစာရင်းထဲ ရောက်နေသူတွေကို ထည့်မတွက်ရင်တောင် ဂါဇာမှာ ပါလက်စတိုင်း ၇၀၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ထည့်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ စစ်အတွင်း သေဆုံးသူဟာ အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၇၁၆၆၀ ထက်မနည်း ရှိခဲ့ပြီး နောက်ထပ် ၁၀၀၀၀ လောက်ကတော့ ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိတ်မိပြီး အလောင်းရှာမရတော့တာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ပါလက်စတိုင်း ၇၀၀၀၀ ကျော် သေခဲ့တယ်ဆိုတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေဟာ အစ္စရေးကို ပုတ်ခတ်ဖို့ ဝါဒဖြန့်ထားတာသာဖြစ်ကြောင်း အစောပိုင်းမှာ အစ္စရေးက တောက်လျှောက် ငြင်းချက်ထုတ်ခဲ့ဖူးပါတယ်။

အစ္စရေးစစ်တပ်ရဲ့ လေသံ ပြောင်းလာတဲ့နောက် အစ္စရေး သတင်းစာ တစ်စောင်ဖြစ်တဲ့ Haaretzက နောက်ထပ် ဘယ်လို စွပ်စွဲချက်တွေကရော အမှန်တရားအဖြစ် ထပ်ပြီး ထွက်ပေါ်လာဦးမလဲလို့ မေးခွန်းထုတ်ထားခဲ့ပါတယ်။

အစ္စရေး စစ်တပ်ဟာ ဂါဇာကမ်းမြှောင်ဒေသနဲ့ အီဂျစ်နိုင်ငံတို့ ထိစပ်ရာ ရာဖာဟ် နယ်စပ်ဂိတ်ကိုလည်း ၂၀၂၄ ခုနှစ်၊ မေလနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ဖွင့်ပေးမယ်လို့ ကြေညာသွားပါတယ်။ အဲဒီနယ်စပ်ကို အစ္စရေးတပ်တွေ ထိန်းချုပ်ပြီးချိန် ကတည်းက တောက်လျှောက် ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲဟာ ၂ နှစ်ကျော် ကြာမြင့်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ အပစ်အခတ် ရပ်စဲထားပါတယ်။ အဲဒီနောက်ပိုင်း ဟားမားစ်တွေက ရန်စလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးက တိုက်ခိုက်မှုတချို့ လုပ်ခဲ့ပေမယ့်လည်း အပစ်ရပ် သဘောတူညီမှုကတော့ လက်ရှိ အချိန်ထိ ဆက်ပြီး တည်တံ့နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးမှာ လူပေါင်း သိန်းနဲ့ချီ စုဝေးပြီး ဂါဇာစစ်ပွဲဆိုင်ရာ အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

Trending

Facebook