Connect with us

Hi, what are you looking for?

သတင်း

ကလေးအကျဉ်းထောင်မှာ အကျဉ်းသူတွေက သွေးသစ္စာသီချင်းသံပြိုင်သီဆိုပြီး အချက်သုံးချက်တောင်းဆို

စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။

ကလေးမြို့အကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဖေဖော်ဝါရီ-၁၊၂၀၂၆။သတိုး/People’s Spring

စစ်ကောင်စီ အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေက သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး အချက်သုံးချက် တောင်းဆိုခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။

“အမှုကြီး၉မှု ပယ်ကာဖျက်သိမ်းရေး၊ အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးရရှိရေးနဲ့ အာ
ဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး” ဆိုတဲ့ အချက်သုံးချက်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုခဲ့တာလို့ သိရပါတယ်။

အဲဒီလှုပ်ရှားမှုကို ဖောင်းပြင်မြို့မှ အကျဥ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တောင်းဆိုထားတဲ့ပထမနှစ်ချက်ကိုလာမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နောက်ဆုံးထားသဘောတူပေးဖို့နဲ့ မလုပ်ဆောင်ရင်နှစ်ဆန်း၂ ရက်မှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာသပိတ်နေ့လုပ်ဆောင်မယ်လို့ကြေညာထားတယ်လို့သိရပါတယ်။

ဒါကြောင့် နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်း‌တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းကအကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ‌တွေရဲ့ အသက်အန္တရာယ် လုံခြုံရေး၊ ညှင်းပန်းနှိပ်စက်ခံရမှုများ ပပျောက် စေရေးနဲ့အလျင်အမြန်လွတ်မြောက်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံနဲ့ မလုံလောက်ဘဲသက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးနဲ့ချိတ်ဆက်ပြီးထိရောက်မှုရှိတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ဖို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကတောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသူ ၂၀၀ နီးပါးက ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီးဦးဆောင်သူ ၁၅ဦးကို စစ်ကောင်စီထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။ သွေးသစ္စာသီချင်းသီဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အကျဉ်းသူတွေထဲက အကျဉ်းသူ ၁၅ ယောက်လောက် တိုက်ပိတ်ခံထားရတယ်လို့ သိရပြီး အကျဉ်းသူအားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လို့ ပြည်သူ‌တွေ ၊လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း‌ တွေအနေနဲ့အလေးထားစောင့်ကြည့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကအရေးပေါ် သတိပေးထားပါတယ်။​နောက်ဆက်တွဲအ​ခြေအ​နေကို PPNM ဦး​ဆောင်​ကော်မတီဝင် ကိုသိုက်ထွန်းဦးကို People’s ဆက်သွယ်​မေးမြန်းဖို့ကြိုးစား​ပေမယ့်ဆက်သွယ်လို့မရ​သေးပါဘူး ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ မတ်လ ၅ရက်က တိုက်ပွဲအတွင်းမှာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဇိုဖေ တပ်ရင်း(၁)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း CDF ဇိုဖေက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။