Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲ စစ်ကောင်စီတပ်ရင်းမှူးသေဟု စစ်ရေးသတင်းရင်းမြစ်ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးသေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၊၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးသေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လှုပ်ရှားလာလို့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီ ၁ရက်နဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂ရက်မနက်မှာ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေများခဲ့တယ်လို့ ဆိုပါတယ်။

” ဖားကန့် တိုက်ပွဲ စကစတပ်ရင်းမှူး သေတာ ဟုတ်တယ်။ စကခ-၃ က။ ဒီမနက်တိုက်ပွဲမှာ သေတာ”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ဖေဖော်ဝါရီ ၁ရက် တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ထိခိုကါသေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။ရ

” မနေ့ကတော့ သူတို့က ထိုးစစ်ဆင်လာတာ ကျနော်တို့က စိန်သီရိဘက်မှာ ကုမ္ပဏီဝင်းဘက်မှာ ကျနော်တို့ ထိုင်ထားတာ။ အဲဒီဘက်ကို သူတို့ ထိုးစစ်ဆင်လာတာ အယောက် ၃၀ယောက်ထိခိုက်တယ်လို့ ပြောတယ်။ ဒီမနက်လည်း သူတို့ တော်တော်လေးအထိနာပြီးမှ ပြန်ဆုတ်သွားကြတာ။ အဲဒါ တပ်မကုန်းကနေလက်နက်ကြီး ပစ်လိုက်တာ ကျောင်းမှာကျပြီးမှ ကျောင်းသားတယောက် ကျောင်းသူ တယောက် ဒဏ်ရာရတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဖားကန့်မြို့နယ်အပြင် ဝိုင်းမော်နဲ့ မိုးညှင်းမြို့နယ်တွေမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို သိမ်းရထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဝိုင်းမော်မြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီနေရာယူထားတဲ့ တပ်စခန်း အချို့ကို သိမ်းရခဲ့တာလို့ဆိုပါတယ်။

အခြား စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ နန့်မြင်းချောင်းနားက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ခြေကုတ်ယူထားတဲ့ နေရာ ၂ခုကို ဒီကနေ့မနက်မှာ သိမ်းရခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားအသိပေးထားပါတယ်။

ဒါ့အပြင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကိုလည်း KIA ပူးပေါင်းတပ်က စစ်မျက်နှာ နှစ်ခုဖွင့်လှစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေရာ ဒီကနေ့ တိုက်ပွဲမှာ အင်းတော်ကြီးအိုင် အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းက စစ်ကောင်စီ နဲ့ ရှမ်းနီတပ် တို့ရဲ့ကာကင်းစခန်းနေရာအချို့ သိမ်းရထားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြထားပါတယ်။

ဖားကန့်၊ ဝိုင်းမော်နဲ့ အင်းတော်ကြီးဒေသ အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။