Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်အပါအဝင် မြို့၈မြို့မှာ မီးလောင်

နေပြည်တော်နဲ့ မန္တလေးမြို့အပါအဝင် ဒီကနေ့တစ်ရက်တည်း မြို့၈မြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဓာတ်ပုံ-MFSD

ဖေဖော်ဝါရီ-၇၊၂၀၂၆။မေရီ/People’s Spring

နေပြည်တော်နဲ့ မန္တလေးမြို့အပါအဝင် ဒီကနေ့တစ်ရက်တည်း မြို့၈မြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၇ရက် မနက် ၁ဝနာရီခွဲခန့်ကနေပြည်တော်၊ပျဥ်းမနားမြို့နယ်၊ ဇီးဖြူပင် ကျေးရွာမှာ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒယ်နီအိုး အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၂လုံး၊ တင်းကုတ် ၁လုံး ၊ ဝက် ၁၂ကောင် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း ဒီကနေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၈၃ လမ်း၊ ၃၄လမ်းနဲ့ ၃၅ လမ်းကြားက ဆိုင်ခန်းတစ်ခန်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အခြားတော့ကူးစက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အမရပူရမြို့နယ်မှာလည်း ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က မှန်တန်းရပ်ကွက်၊ အေးဇရပ်ရပ်မှာ လူနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ကားအများအပြားနဲ့ ငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“မီးကများတယ်။ အိမ်တွေကလည်း ကပ်နေတော့ ပါသွားတာ။ ၃အိမ်လို့လည်းပြောတယ်။ ၁၀ အိမ်လို့လည်းပြောတယ်။ အတိအကျမသိရသေးဘူး”လို့ အမရပူရမြို့ခံတစ်ဦးက ပြောပါတယ်။

အလားတူ ဒီကနေ့မှာပဲ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်နဲ့ မှော်ဘီမြို့နယ်စတဲ့ဒေသတွေမှာလည်း နေအိမ်နဲ့ ကားမီးလောင်တာ၊ ကိုင်းတောမီးလောင်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။