Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်နဲ့ မြဝတီက နေရာအချို့ စစ်ကောင်စီလေတပ်ဗုံးကြဲ

ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။

အာဏာမသိမ်းခင်နှစ်ပိုင်းအလိုက စစ်ကောင်စီလေတပ်ရဲ့ လေ့ကျင့်မှု (ပုံဟောင်း) ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး

ဖေဖော်ဝါရီ – ၁၁ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲပိုင်းက ဖာပွန်ခရိုင်ထဲက KNU တပ်မဟာ (၅) နယ်မြေနဲ့ ဖေဖော်ဝါရီလ၉ ရက်မှာတော့ KNU တပ်မဟာ (၆)နယ်မြေ မြဝတီမြို့နယ်ထဲက နေရာအချို့ ဗုံးကြဲခံရတာပါ။

KNU တပ်မဟာ (၅) နယ်မြေ လူသောမြို့နယ်ထဲကို ဖေဖော်ဝါရီ ၇ ရက် မွန်လွဲပိုင်းက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲရာမှာ တေးမူဒဲကျေးရွာအုပ်စု ထဲ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရပြီး နေအိမ်ခြောက်လုံး ပျက်စီးသွားတယ်လို့ KNU မူတြော် (ဖာပွန်) ခရိုင် က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တပ်မဟာ (၅) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုကလည်း ရွာသားတွေစျေးဆိုင်တည်ပြီးရောင်းချတဲ့နေရာကိုလေကြောင်းတိုက်ခိုက်သွားတာလို့ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာကတေးမူလဲကျေးရွာအုပ်စု၊မီးမော်ဒဲကျေးရွာပိုင်နက်ထဲဖြစ်ပြီး အဲဒီရွာသားကလေးငယ် ဒဏ်ရာရတာလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

လူသောမြို့နယ်ဟာစစ်ကောင်စီလေတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုကိုမကြာခဏခံရပြီး ဖေဖော်ဝါရီလ ၇ ရက်ကဖြစ်စဉ်မှာလည်း တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲခံရတာလို့သိရပါတယ်။

ဖာပွန်မှာတော့ စစ်ရေးအခြေအနေဟာ ဖာပွန်ဗျုဟာ မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က ဗျုဟာကုန်းမကျဖို့ လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်နေတာပါ။

ဒါအပြင်ထိုင်း – မြန်မာနယ်စပ်မြို့မြဝတီမြို့တောင်ဘက် ၊လေးကေကော်မြို့သစ်အနီးက ဖလူးကျေးရွာနဲ့ရသေ့ဂူကျေးရွာတို့ကိုလည်း ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းမှာစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်သလိုဗုံးကြဲခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်း မြစ်ကပြောပါတယ်။

အဲဒီနေ့မှာ ရသေ့ဂူကျေးရွာဘက်ကို လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

ရသေ့ဂူ၊ ဖလူးကျေးရွာဝန်းကျင်တဝိုက်မှာ KNU တပ်မဟာ(၆)ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲထပ်မံဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ တပ်မ(၂၂)လက်အောက်ခံတပ်တွေက အထိနာနေတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

မြ၀တီမြို့တောင်ဘက်ထိုင်းနယ်စပ်နားကမင်းလက်ပံ၊ ဖလူးလေး၊ ရသေ့ ဂူရွာတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ လေးလနီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့်ရှေ့မတိုးနိုင်သေးဘဲ စစ်မှုထမ်းသင် တန်းဆင်းတွေနဲ့ တပ်အင်အားထပ်မံဖြည့်တင်းနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။